အင်္ဂုတ္တရနိကာယ်

၁-ဗာလဝဂ်

၂-လက္ခဏသုတ်

၂။ ရဟန်းတို့ သူမိုက်သည် မိမိပြုအပ်သော ကံလျှင် မှတ်ကြောင်း ‘လက္ခဏာ’ရှိ၏၊ ပညာရှိသည်လည်း မိမိပြုအပ်သော ကံလျှင် မှတ်ကြောင်း ‘လက္ခဏာ’ရှိ၏၊ ပညာမည်သည် သတ္တဝါတို့၏ အပြု အမူအားလျော်စွာ ထင်ရှား၏။ ရဟန်းတို့တရားသုံးမျိုးတို့နှင့် ပြည့်စုံသူကို သူမိုက်ဟု သိအပ်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— ကိုယ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် ‘ကာယဒုစရိုက်’လည်းကောင်း၊ နှုတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် ‘ဝစီဒုစရိုက်’လည်းကောင်း၊ စိတ်ဖြင့် ပြုအပ် သော မကောင်းသော အကျင့် ‘မနောဒုစရိုက်’လည်းကောင်းတို့တည်း။ ရဟန်းတို့ ဤတရားသုံးမျိုးတို့ နှင့် ပြည့်စုံသူကို သူမိုက်ဟု သိအပ်၏။

ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသူကို ပညာရှိဟု သိအပ်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— ကိုယ်ဖြင့် ပြုအပ်သော ကောင်းသော အကျင့် ‘ကာယသုစရိုက်’လည်းကောင်း၊ နှုတ်ဖြင့် ပြုအပ် သော ကောင်းသော အကျင့် ‘ဝစီသုစရိုက်’လည်းကောင်း၊ စိတ်ဖြင့် ပြုအပ်သော ကောင်းသော အကျင့် ‘မနောသုစရိုက်’လည်းကောင်းတို့တည်း။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသူကို ပညာရှိဟု သိအပ်၏။ ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “သူမိုက်ဟု သိကြောင်းတရားသုံးမျိုးတို့ကို ရှောင်ကြဉ်၍၊ ပညာရှိဟု သိကြောင်းတရားသုံးမျိုးတို့ကို ဆောက်တည်၍ ကျင့်ကုန်အံ့”ဟု ကျင့်ရမည်။ ရဟန်းတို့ ဤသို့သာလျှင် သင်တို့ ကျင့်ရမည်ဟု (မိန့်တော်မူ၏)။

ဒုတိယသုတ့်