အင်္ဂုတ္တရနိကာယ်
၆-အဗျာကတဝဂ်
၂-ပုရိသဂတိသုတ်
၅၅။ ရဟန်းတို့ ခုနစ်မျိုးသော ယောကျာ်း၏ (အသိဉာဏ်ဖြစ်ခြင်း) ဉာဏဂတိတို့ကိုလည်းကောင်း၊ (တဏှာဒိဋ္ဌိအားဖြင့်) တစ်စုံတစ်ရာ မစွဲလမ်းမူ၍ ကိလေသာငြိမ်းခြင်းကိုလည်းကောင်း ဟောကြားပေအံ့၊ ထိုတရားကို နာကြကုန်၊ ကောင်းစွာ နှလုံးသွင်းကြကုန်၊ ဟောကြားပေအံ့ဟု (မိန့်တော်မူ၏)။
“အသျှင်ဘုရား ကောင်းပါပြီ”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြကုန်၏၊ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။
ရဟန်းတို့ ခုနစ်မျိုးသော ယောကျာ်း၏ (အသိဉာဏ်ဖြစ်ခြင်း) ဉာဏဂတိတို့သည် အဘယ်တို့နည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ကျင့်၏၊ “အတိတ်အတ္တဘောကို ဖြစ်စေတတ်သောကုသိုလ်, အကုသိုလ်ကံသည်) အကယ်၍ မဖြစ်ခဲ့မူ (ယခုပစ္စုပ္ပန်ဘဝ၌ ) ငါ၏ (အတ္တဘောသည်လည်း) မဖြစ်တန်ရာ၊ (ယခုဘဝ၌ အနာဂတ်အတ္တဘောကို ဖြစ်စေတတ်သောကုသိုလ်, အကုသိုလ်ကံသည်) အကယ်၍ ဖြစ်လိမ့်မည် မဟုတ်ပါမူ (အနာဂတ်ဘဝ၌ ) ငါ၏ အတ္တဘောသည် ဖြစ်လိမ့်မည် မဟုတ်၊ ထင်ရှားရှိ၍ အကြောင်းတရားတို့ကြောင့်ဖြစ်သည့် (ပစ္စုပ္ပန်ခန္ဓာငါးပါး) ကို (ဆန္ဒရာဂကို ပယ်ခြင်းဖြင့်) ငါစွန့်အံ့”ဟု (ကျင့်၏)၊ ဝိပဿနုပေက္ခာဉာဏ်ကို ရ၏၊ ထိုရဟန်းသည် အတိတ်ဘဝ၌ မတပ်မက်၊ အနာဂတ်ဘဝ၌ မတပ်မက်၊ လွန်မြတ် ငြိမ်းချမ်းသော နိဗ္ဗာန်ကို ကောင်းသော (ဝိပဿနာ, မဂ်) ပညာဖြင့် မြင်၏၊ ထိုရဟန်းသည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် ထိုနိဗ္ဗာန်ကိုအလုံးစုံမျက်မှောက်ပြုပြီး မဟုတ် သေး၊ ထိုရဟန်းသည် ခပ်သိမ်းသော အခြင်းအရာအားဖြင့်မာနာနုသယကို အလုံးစုံပယ်ပြီး မဟုတ် သေး၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့် ဘဝရာဂါနုသယကိုအလုံးစုံပယ်ပြီး မဟုတ်သေး၊ ခပ်သိမ်း သော အခြင်းအရာအားဖြင့် အဝိဇ္ဇာနုသယကို အလုံးစုံပယ်ပြီးမဟုတ်သေး၊ ထိုရဟန်းသည် အောက်ပိုင်း သံယောဇဉ် ‘အနှောင်အဖွဲ့’ ငါးပါးတို့၏အကြွင်းမဲ့ကုန်ခြင်းကြောင့် အသက်အပိုင်းအခြား၏ အလယ်၌ ကိလေသာငြိမ်းသူ’အန္တရာပရိနိဗ္ဗာယီပုဂ္ဂိုလ်’ ဖြစ်၏။
ရဟန်းတို့ တစ်နေ့ပတ်လုံး ရဲရဲပူသော သံအိုးကင်းကို (တူဖြင့်) ခတ်အပ်သည်ရှိသော် မီးပွါးသည်ထွက်လာ၍ ငြိမ်းရာသကဲ့သို့ ဤအတူသာလျှင် ရဟန်းသည် ဤသို့ ကျင့်၏—
“(အတိတ်အတ္တဘောကို ဖြစ်စေတတ်သော ကုသိုလ်, အကုသိုလ်ကံသည်) အကယ်၍ မဖြစ်ခဲ့ပါမူ (ယခုပစ္စုပ္ပန်ဘဝ၌ ) ငါ၏ (အတ္တဘောသည်လည်း) မဖြစ်တန်ရာ၊ (ယခုဘဝ၌ အနာဂတ်အတ္တဘောကိုဖြစ်စေတတ်သော ကုသိုလ်, အကုသိုလ်ကံသည်) အကယ်၍ ဖြစ်လိမ့်မည် မဟုတ်ပါမူ (အနာဂတ်ဘဝ၌ ) ငါ၏ အတ္တဘောသည် ဖြစ်လိမ့်မည် မဟုတ်၊ ထင်ရှားရှိ၍ အကြောင်းတရားတို့ကြောင့်ဖြစ်သည့် (ပစ္စုပ္ပန်ခန္ဓာငါးပါး) ကို (ဆန္ဒရာဂကို ပယ်ခြင်းဖြင့်) ငါစွန့်အံ့”ဟု (ကျင့်၏)၊ ဝိပဿနုပေက္ခာဉာဏ်ကို ရ၏၊ ထိုရဟန်းသည် အတိတ်ဘဝ၌ မတပ်မက်၊ အနာဂတ်ဘဝ၌ မတပ်မက်၊ လွန်မြတ် ငြိမ်းချမ်းသော နိဗ္ဗာန်ကို ကောင်းသော (ဝိပဿနာ, မဂ်) ပညာဖြင့် မြင်၏၊ ထိုရဟန်းသည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် ထိုနိဗ္ဗာန်ကို အလုံးစုံမျက်မှောက်ပြုပြီး မဟုတ်သေး၊ ထိုရဟန်းသည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် မာနာနုသယကို အလုံးစုံပယ်ပြီး မဟုတ်သေး၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့်ဘဝရာဂါနုသယကို အလုံးစုံပယ်ပြီး မဟုတ်သေး၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့် အဝိဇ္ဇာနုသယကိုအလုံးစုံပယ်ပြီး မဟုတ်သေး၊ ထိုရဟန်းသည် အောက်ပိုင်းသံယောဇဉ် ‘အနှောင်အဖွဲ့’ ငါးပါးတို့၏အကြွင်းမဲ့ကုန်ခြင်းကြောင့် အသက်အပိုင်းအခြား၏ အလယ်၌ ကိလေသာငြိမ်းသူ ‘အန္တရာပရိနိဗ္ဗာယီပုဂ္ဂိုလ်’ ဖြစ်၏။ (၁)
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ကျင့်၏၊ (“အတိတ်အတ္တဘောကို ဖြစ်စေတတ်သောကုသိုလ်, အကုသိုလ်ကံသည်) အကယ်၍ မဖြစ်ခဲ့မူ (ယခုပစ္စုပ္ပန်ဘဝ၌ ) ငါ၏ (အတ္တဘောသည်လည်း) မဖြစ်တန်ရာ၊ (ယခုဘဝ၌ အနာဂတ်အတ္တဘောကို ဖြစ်စေတတ်သော ကုသိုလ်, အကုသိုလ်ကံသည်) အကယ်၍ ဖြစ်လိမ့်မည် မဟုတ်ပါမူ (အနာဂတ်ဘဝ၌ ) ငါ၏ အတ္တဘောသည် ဖြစ်လိမ့်မည် မဟုတ်၊ ထင်ရှားရှိ၍ အကြောင်းတရားတို့ကြောင့်ဖြစ်သည့် (ပစ္စုပ္ပန်ခန္ဓာငါးပါး) ကို (ဆန္ဒရာဂကို ပယ်ခြင်းဖြင့်) ငါစွန့်အံ့”ဟု (ကျင့်၏)၊ ဝိပဿနုပေက္ခာဉာဏ်ကို ရ၏၊ ထိုရဟန်းသည် အတိတ်ဘဝ၌ မတပ်မက်၊ အနာဂတ်ဘဝ၌ မတပ်မက်၊ လွန်မြတ်ငြိမ်းချမ်းသော နိဗ္ဗာန်ကို ကောင်းသော (ဝိပဿနာ, မဂ်) ပညာဖြင့်မြင်၏၊ ထိုရဟန်းသည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် ထိုနိဗ္ဗာန်ကို အလုံးစုံမျက်မှောက်ပြုပြီးမဟုတ်သေး၊ ထိုရဟန်းသည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် မာနာနုသယကို အလုံးစုံပယ်ပြီး့မဟုတ်သေး၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့် ဘဝရာဂါ နုသယကို အလုံးစုံပယ်ပြီး မဟုတ်သေး၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့် အဝိဇ္ဇာနုသယကို အလုံးစုံ ပယ်ပြီး မဟုတ်သေး၊ ထိုရဟန်းသည်အောက်ပိုင်းသံယောဇဉ် ‘အနှောင်အဖွဲ့’ ငါးပါးတို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် အသက်အပိုင်းအခြား၏အလယ်၌ ကိလေသာငြိမ်းသူ ‘အန္တရာပရိနိဗ္ဗာယီပုဂ္ဂိုလ်’ ဖြစ်၏။
ရဟန်းတို့ တစ်နေ့ပတ်လုံး ရဲရဲပူသော သံအိုးကင်းကို (တူဖြင့်) ခတ်အပ်သည်ရှိသော် မီးပွါးသည်ထွက်၍ ပျံတက်ပြီးလျှင် ငြိမ်းရာသကဲ့သို့ ဤအတူသာလျှင် ရဟန်းသည် ဤသို့ ကျင့်၏—
“(အတိတ်အတ္တဘောကို ဖြစ်စေတတ်သော ကုသိုလ်, အကုသိုလ်ကံသည်) အကယ်၍ မဖြစ်ခဲ့ပါမူ (ယခုပစ္စုပ္ပန်ဘဝ၌ ) ငါ၏ (အတ္တဘောသည်လည်း) မဖြစ်တန်ရာ၊ (ယခုဘဝ၌ အနာဂတ်အတ္တဘောကိုဖြစ်စေတတ်သောကုသိုလ်, အကုသိုလ်ကံသည်) အကယ်၍ ဖြစ်လိမ့်မည် မဟုတ်ပါမူ (အနာဂတ်ဘဝ၌ ) ငါ၏ အတ္တဘောသည် ဖြစ်လိမ့်မည် မဟုတ်။ပ။ ထိုရဟန်းသည် အောက်ပိုင်းသံယောဇဉ် ‘အနှောင်အဖွဲ့’ငါးပါးတို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် အသက်အပိုင်းအခြား၏ အလယ်၌ ကိလေသာငြိမ်းသူ ‘အန္တရာပရိနိဗ္ဗာယီပုဂ္ဂိုလ်’ ဖြစ်၏။ (၂)
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ကျင့်၏၊ (“အတိတ်အတ္တဘောကို ဖြစ်စေတတ်သောကုသိုလ်, အကုသိုလ်ကံသည်) အကယ်၍ မဖြစ်ခဲ့မူ (ယခု ပစ္စုပ္ပန်ဘဝ၌ ) ငါ၏ (အတ္တဘောသည်လည်း) မဖြစ်တန်ရာ။ပ။ ထိုရဟန်းသည်အောက်ပိုင်းသံယောဇဉ် ‘အနှောင်အဖွဲ့’ငါးပါးတို့၏ အကြွင်းမဲ့ကုန်ခြင်း ကြောင့် အသက်အပိုင်းအခြား၏အလယ်၌ ကိလေသာငြိမ်းသူ ‘အန္တရာပရိနိဗ္ဗာယီပုဂ္ဂိုလ်’ ဖြစ်၏။
ရဟန်းတို့ တစ်နေ့ပတ်လုံး ရဲရဲပူသော သံအိုးကင်းကို (တူဖြင့်) ခတ်အပ်သည်ရှိသော် မီးပွါးသည်ထွက်၍ ပျံတက်ပြီးလျှင် ကောင်းကင်အပြင်ကို မလွန်မူ၍ (ကောင်းကင်၌ပင်လျှင်) ငြိမ်းရာသကဲ့သို့ဤအတူ သာလျှင် ရဟန်းသည် ဤသို့ ကျင့်၏၊ “(အတိတ်အတ္တဘောကို ဖြစ်စေတတ်သော ကုသိုလ်,အကုသိုလ် ကံသည်) အကယ်၍ မဖြစ်ခဲ့မူ (ယခုပစ္စုပ္ပန်ဘဝ၌ ) ငါ၏ (အတ္တဘောသည်လည်း) မဖြစ်တန်ရာ။ပ။ ထိုရဟန်းသည် အောက်ပိုင်းသံယောဇဉ် ‘အနှောင်အဖွဲ့’ ငါးပါးတို့၏အကြွင်းမဲ့ကုန်ခြင်းကြောင့် အသက် အပိုင်းအခြား၏ အလယ်၌ ကိလေသာငြိမ်းသူ’အန္တရာပရိနိဗ္ဗာယီပုဂ္ဂိုလ်’ ဖြစ်၏။ (၃)
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ကျင့်၏၊ “(အတိတ်အတ္တဘောကို ဖြစ်စေတတ်သောကုသိုလ်, အကုသိုလ်ကံသည်) အကယ်၍ မဖြစ်ခဲ့မူ (ယခုပစ္စုပ္ပန်ဘဝ၌ ) ငါ၏ (အတ္တဘောသည်လည်း) မဖြစ်တန်ရာ။ပ။ ထိုရဟန်းသည် အောက်ပိုင်းသံယောဇဉ် ‘အနှောင်အဖွဲ့’ငါးပါးတို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် အသက်အပိုင်းအခြား၏ အလယ်ကို လွန်၍ ကိလေသာငြိမ်းသူ ‘ဥပဟစ္စပရိနိဗ္ဗာယီပုဂ္ဂိုလ်’ ဖြစ်၏။
ရဟန်းတို့ တစ်နေ့ပတ်လုံး ရဲရဲပူသော သံအိုးကင်းကို (တူဖြင့်) ခတ်အပ်သည်ရှိသော် မီးပွါးသည်ထွက်၍ ပျံတက်ပြီးလျှင် ကောင်းကင်ကို ထိ၍ ငြိမ်းရာသကဲ့သို့ ဤအတူသာလျှင် ရဟန်းသည် ဤသို့ကျင့်၏၊ “အတိတ်အတ္တဘောကို ဖြစ်စေတတ်သည့် ကုသိုလ်, အကုသိုလ်ကံသည်) အကယ်၍ မဖြစ်ခဲ့မူ (ယခုပစ္စုပ္ပန်ဘဝ၌ ) ငါ၏ (အတ္တဘောသည်လည်း) မဖြစ်တန်ရာ။ပ။ ထိုရဟန်းသည် အောက်ပိုင်းသံယောဇဉ် ‘အနှောင်အဖွဲ့’ ငါးပါးတို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် အသက်အပိုင်းအခြား၏ အလယ်ကိုလွန်၍ ကိလေသာငြိမ်းသူ ‘ဥပဟစ္စပရိနိဗ္ဗာယီပုဂ္ဂိုလ်’ ဖြစ်၏။ (၄)
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ကျင့်၏၊ “(အတိတ်အတ္တဘောကို ဖြစ်စေတတ်သော ကုသိုလ်, အကုသိုလ်ကံသည်) အကယ်၍ မဖြစ်ခဲ့မူ (ယခုပစ္စုပ္ပန်ဘဝ၌ ) ငါ၏ (အတ္တဘောသည်လည်း) မဖြစ်တန်ရာ။ပ။ ထိုရဟန်းသည် အောက်ပိုင်းသံယောဇဉ် ‘အနှောင်အဖွဲ့’ ငါးပါးတို့၏အကြွင်းမဲ့ကုန်ခြင်းကြောင့် အားထုတ်မှုမရှိသဖြင့် ကိလေသာငြိမ်းသူ ‘အသင်္ခါရပရိနိဗ္ဗာယီပုဂ္ဂိုလ်’ ဖြစ်၏။
ရဟန်းတို့ တစ်နေ့ပတ်လုံး ရဲရဲပူသော သံအိုးကင်းကို (တူဖြင့်) ခတ်အပ်သည်ရှိသော် မီးပွါးသည်ထွက်၍ ပျံတက်ပြီးလျှင် အနည်းငယ်သော မြက်ပုံ၌ ဖြစ်စေ ထင်းပုံ၌ ဖြစ်စေ ကျရာ၏၊ ထိုမီးပွါးသည်ထိုမြက်ပုံ ထင်းပုံ၌ မီးကိုမူလည်း ဖြစ်စေရာ၏၊ အခိုးကိုမူလည်း ဖြစ်စေရာ၏၊ မီးကိုမူလည်း ဖြစ်စေပြီး၍အခိုးကိုမူလည်း ဖြစ်စေပြီး၍ ထိုအနည်းငယ်သော မြက်ပုံ ထင်းပုံကိုကုန်စေပြီးလျှင် လောင်စာမရှိသဖြင့်ငြိမ်းလေရာသကဲ့သို့ ထိုအတူသာလျှင် ရဟန်းသည် ဤသို့ ကျင့်၏၊ “(အတိတ်အတ္တဘောကိုဖြစ်စေတတ်သည့်ကုသိုလ်, အကုသိုလ်ကံသည်) အကယ်၍ မဖြစ်ခဲ့မူ (ယခု ပစ္စုပ္ပန်ဘဝ၌ ) ငါ၏ (အတ္တဘောသည်လည်း) မဖြစ်တန်ရာ။ပ။ ထိုရဟန်းသည် အောက်ပိုင်းသံယောဇဉ် ‘အနှောင်အဖွဲ့’ ငါးပါးတို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် အားထုတ်မှု မရှိသဖြင့် ကိလေသာငြိမ်းသူ ‘အသင်္ခါရပရိနိဗ္ဗာယီ ပုဂ္ဂိုလ်’ဖြစ်၏။ (၅)
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ကျင့်၏၊ “(အတိတ် အတ္တဘောကို ဖြစ်စေတတ်သောကုသိုလ်, အကုသိုလ်ကံသည်) အကယ်၍ မဖြစ်ခဲ့မူ (ယခုပစ္စုပ္ပန်ဘဝ၌ ) ငါ၏ (အတ္တဘောသည်လည်း) မဖြစ်တန်ရာ။ပ။ ထိုရဟန်းသည် အောက်ပိုင်းသံယောဇဉ် ‘အနှောင်အဖွဲ့’ငါးပါးတို့၏ အကြွင်းမဲ့ကုန်ခြင်း ကြောင့် အားထုတ်မှုရှိသဖြင့်ကိလေသာငြိမ်းသူ ‘သသင်္ခါရပရိနိဗ္ဗာယီပုဂ္ဂိုလ်’ ဖြစ်၏။
ရဟန်းတို့ တစ်နေ့ပတ်လုံး ရဲရဲပူသော သံအိုးကင်းကို (တူဖြင့်) ခတ်အပ်သည်ရှိသော် မီးပွါးသည်ထွက်၍ ပျံတက်ပြီးလျှင် များသော မြက်ပုံ၌ ဖြစ်စေ ထင်းပုံ၌ ဖြစ်စေ ကျရာ၏၊ ထိုမီးပွါးသည် ထိုမြက်ပုံထင်းပုံ၌ မီးကိုမူလည်း ဖြစ်စေရာ၏၊ အခိုးကိုမူလည်း ဖြစ်စေရာ၏၊ မီးကိုမူလည်း ဖြစ်စေပြီး၍ အခိုးကိုမူလည်း ဖြစ်စေ ပြီး၍ ထိုများသော မြက်ပုံ ထင်းပုံကိုကုန်စေပြီးလျှင် လောင်စာမရှိသဖြင့်ငြိမ်းရာသကဲ့သို့ ရဟန်းတို့ ထိုအတူသာလျှင် ရဟန်းသည် ဤသို့ ကျင့်၏၊ “(အတိတ်အတ္တဘောကိုဖြစ်စေတတ်သော ကုသိုလ်, အကုသိုလ်ကံသည်) အကယ်၍ မဖြစ်ခဲ့မူ (ယခုပစ္စုပ္ပန်ဘဝ၌ ) ငါ၏ (အတ္တဘောသည်လည်း) မဖြစ်တန်ရာ။ပ။ ထိုရဟန်းသည် အောက်ပိုင်းသံယောဇဉ် ‘အနှောင်အဖွဲ့’ငါးပါးတို့၏ အကြွင်းမဲ့ကုန်ခြင်း ကြောင့် အားထုတ်မှုရှိသဖြင့် ကိလေသာငြိမ်းသူ’သသင်္ခါရပရိနိဗ္ဗာယီပုဂ္ဂိုလ်’ ဖြစ်၏။ (၆)
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ကျင့်၏၊ “(အတိတ်အတ္တဘောကို ဖြစ်စေတတ်သောကုသိုလ်, အကုသိုလ်ကံသည်) အကယ်၍ မဖြစ်ခဲ့မူ (ယခုပစ္စုပ္ပန်ဘဝ၌ ) ငါ၏ (အတ္တဘောသည်လည်း) မဖြစ်တန်ရာ၊ (ယခုဘဝ၌ အနာဂတ်အတ္တဘောကို ဖြစ်စေတတ်သော ကုသိုလ်, အကုသိုလ်ကံသည်) အကယ်၍ ဖြစ်လိမ့်မည် မဟုတ်ပါမူ (အနာဂတ်ဘဝ၌ ) ငါ၏ (အတ္တဘောသည်) ဖြစ်လိမ့်မည်မဟုတ်၊ ထင်ရှားရှိ၍ အကြောင်းတရားတို့ကြောင့်ဖြစ်သည့် (ပစ္စုပ္ပန်ခန္ဓာငါးပါး) ကို (ဆန္ဒရာဂကို ပယ်ခြင်းဖြင့်) ငါစွန့်အံ့”ဟု (ကျင့်၏)၊ ဝိပဿနုပေက္ခာဉာဏ်ကို ရ၏၊ ထိုရဟန်းသည် အတိတ်ဘဝ၌ မတပ်မက်၊ အနာဂတ်ဘဝ၌ မတပ်မက်၊ လွန်မြတ် ငြိမ်းချမ်းသော နိဗ္ဗာန်ကို ကောင်းသော (ဝိပဿနာ, မဂ်) ပညာဖြင့် မြင်၏၊ ထိုရဟန်းသည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် ထိုနိဗ္ဗာန်ကို အလုံးစုံ မျက်မှောက်ပြုပြီးမဟုတ်သေး၊ ထိုရဟန်းသည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် မာနာနုသယကို အလုံးစုံပယ်ပြီးမဟုတ်သေး၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့် ဘဝရာဂါနုသယကို အလုံးစုံပယ်ပြီး မဟုတ်သေး၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့် အဝိဇ္ဇာနုသယကို အလုံးစုံ ပယ်ပြီး မဟုတ်သေး၊ ထိုရဟန်းသည်အောက်ပိုင်းသံယောဇဉ် ‘အနှောင်အဖွဲ့’ ငါးပါးတို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် အထက်ဘုံသို့ ရောက်၍ရမည့် မဂ်တည်းဟူသော သောတရှိသော အကနိဋ္ဌဘုံသို့ လားသော ‘ဥဒ္ဓံသောတအကနိဋ္ဌဂါမိ’ အနာဂါမ်ပုဂ္ဂိုလ်ဖြစ်၏။
ရဟန်းတို့ တစ်နေ့ပတ်လုံး ရဲရဲပူသော သံအိုးကင်းကို (တူဖြင့်) ခတ်အပ်သည်ရှိသော် မီးပွါးသည့်ထွက်၍ ပျံတက်ပြီးလျှင် ကြီးမားလှသော မြက်ပုံ၌ ဖြစ်စေ ထင်းပုံ၌ ဖြစ်စေ ကျရာ၏၊ ထိုမီးပွါးသည်ထိုမြက်ပုံ ထင်းပုံ၌ မီးကိုမူလည်း ဖြစ်စေရာ၏၊ အခိုးကိုမူလည်း ဖြစ်စေရာ၏၊ မီးကိုမူလည်း ဖြစ်စေပြီး၍အခိုးကိုမူလည်း ဖြစ်စေပြီး၍ မြက်ပုံကြီးကိုလည်းကောင်း၊ ထင်းပုံကြီးကိုလည်းကောင်းကုန်စေပြီးလျှင်တောချုံကိုလည်း လောင်စေရာ၏၊ တောကိုလည်း လောင်စေရာ၏၊ တောချုံနှင့် တောကို လောင်ပြီး၍စိမ်းစိုသော မြက်သစ်ပင်သို့ဖြစ်စေ ခရီးလမ်းသို့ဖြစ်စေ ကျောက်တောင်သို့ဖြစ်စေ ရေသို့ဖြစ်စေ မွေ့လျော်ဖွယ်ရှိသော မြေသို့ဖြစ်စေ ရောက်ပြီးလျှင် လောင်စာမရှိသဖြင့် ငြိမ်းအေးရာသကဲ့သို့ ဤအတူသာလျှင်ရဟန်းသည် ဤသို့ ကျင့်၏၊ “(အတိတ် အတ္တဘောကို ဖြစ်စေတတ်သော ကုသိုလ်, အကုသိုလ်ကံသည်) အကယ်၍ မဖြစ်ခဲ့မူ (ယခုပစ္စုပ္ပန်ဘဝ၌ ) ငါ၏ (အတ္တဘောသည်လည်း) မဖြစ်တန်ရာ။ပ။ ထိုရဟန်းသည်အောက်ပိုင်း သံယောဇဉ် ‘အနှောင်အဖွဲ့’ ငါးပါးတို့၏ အကြွင်းမဲ့ကုန်ခြင်းကြောင့် အထက်ဘုံသို့ ရောက်၍ရမည့် မဂ်တည်းဟူသော သောတရှိသော အကနိဋ္ဌဘုံသို့ လားသော ‘ဥဒ္ဓံသောတအကနိဋ္ဌဂါမိ’ အနာဂါမ်ပုဂ္ဂိုလ်ဖြစ်၏။
ရဟန်းတို့ ယောကျာ်း၏ (အသိဉာဏ်ဖြစ်ခြင်း) ‘ဉာဏဂတိ’ တို့သည် ဤခုနစ်ပါးတို့တည်း။
ရဟန်းတို့ (တဏှာဒိဋ္ဌိအားဖြင့်) တစ်စုံတစ်ရာ မစွဲလမ်းမူ၍ ကိလေသာငြိမ်းခြင်းဟူသည် အဘယ် နည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ဤသို့ ကျင့်၏၊ “(အတိတ်အတ္တဘောကို ဖြစ်စေတတ်သောကုသိုလ်, အကုသိုလ်ကံသည်) အကယ်၍ မဖြစ်ခဲ့မူ (ယခုပစ္စုပ္ပန်ဘဝ၌ ) ငါ၏ (အတ္တဘောသည်လည်း) မဖြစ်တန်ရာ၊ (ယခုဘဝ၌ အနာဂတ်အတ္တဘောကို ဖြစ်စေတတ်သော ကုသိုလ်, အကုသိုလ်ကံသည်) အကယ်၍ ဖြစ်လိမ့်မည် မဟုတ်ပါမူ (အနာဂတ်ဘဝ၌ ) ငါ၏ (အတ္တဘောသည်) ဖြစ်လိမ့်မည်မဟုတ်၊ ထင်ရှားရှိ၍ အကြောင်းတရားတို့ကြောင့်ဖြစ်သည့် (ပစ္စုပ္ပန်ခန္ဓာငါးပါး) ကို (ဆန္ဒရာဂကိုပယ်ခြင်းဖြင့်) ငါစွန့်အံ့”ဟု (ကျင့်၏)၊ ဝိပဿနုပေက္ခာဉာဏ်ကို ရ၏၊ ထိုရဟန်းသည် အတိတ်ဘဝ၌ မတပ်မက်၊ အနာဂတ်ဘဝ၌ မတပ်မက်၊ လွန်မြတ်လှ ငြိမ်းချမ်းလှသော နိဗ္ဗာန်ကို ကောင်းသော (ဝိပဿနာ, မဂ်) ပညာဖြင့် မြင်၏၊ ထိုရဟန်းသည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် ထိုနိဗ္ဗာန်ကိုအလုံးစုံမျက်မှောက်ပြုပြီး ဖြစ်၏၊ ထိုရဟန်းသည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် မာနာနုသယကိုအလုံးစုံ ပယ်ပြီးဖြစ်၏၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့် ဘဝရာဂါ နုသယကို အလုံးစုံ ပယ်ပြီးဖြစ်၏၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့် အဝိဇ္ဇာနုသယကို အလုံးစုံ ပယ်ပြီးဖြစ်၏၊ ထိုရဟန်းသည် အာသဝေါတရားတို့၏ကုန်ခြင်းကြောင့်။ပ။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုပြီးလျှင် ပြည့်စုံစေ၍ နေ၏။ ရဟန်းတို့ဤသို့ နေခြင်းကို (တဏှာဒိဋ္ဌိတို့သည် တစ်စုံတစ်ခုသော အာရုံကို) မစွဲလမ်းမူ၍ ကိလေသာငြိမ်းခြင်း ‘အနုပါဒါပရိနိဗ္ဗာန်’ဟူ၍ ဆိုအပ်၏။
ရဟန်းတို့ ဤခုနစ်မျိုးသော ယောကျာ်း၏ (အသိဉာဏ်ဖြစ်ခြင်း) ‘ဉာဏဂတိ’ တို့သည်လည်းကောင်း၊ တဏှာဒိဋ္ဌိအားဖြင့် တစ်စုံတစ်ရာ မစွဲလမ်းမူ၍ ကိလေသာငြိမ်းခြင်း ‘အနုပါဒါပရိနိဗ္ဗာန်’ သည်လည်းကောင်းဤသည်တို့ပင်တည်းဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။