မဇ္ဈိမနိကာယ်
၂—ပဉ္စတ္တယသုတ်
၂၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်—
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန် ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့”ဟု ခေါ်တော် မူ၏။ “အသျှင်ဘုရား”ဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကုန်၏။ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—
ရဟန်းတို့ နောက်အဖို့ကို ကြံဆခြင်းရှိကုန်သော နောက်အဖို့ကို စွဲယူကုန်သော အချို့အချို့သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏၊ (ထိုသူတို့သည်) နောက်အဖို့ကို စွဲမှီ၍ များပြားသော မိစ္ဆာအယူ ပြစကားတို့ကို ပြောဟောကုန်၏၊ “အတ္တသည် သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏”၊ ဤသို့ အချို့ သူတို့သည် ပြောဆိုကုန်၏၊ “အတ္တသည် သညာ မရှိ၊ သေသည့်နောက်၌ မြဲ၏”၊ ဤသို့ အချို့သူတို့ သည် ပြောဆိုကုန်၏၊ “အတ္တသည် သညာရှိသည်လည်း မဟုတ် သညာမရှိသည်လည်း မဟုတ်၊ သေသည့်နောက်၌ မြဲ၏”၊ ဤသို့ အ ချို့သူတို့သည် ပြောဆိုကုန်၏၊ ထိုမှတစ်ပါး ထင်ရှားရှိသော သတ္တဝါ၏ ပြတ်ခြင်း ပျက်စီးခြင်းသဘောမှ ကင်းခြင်းကို ပညတ်ကုန်၏၊ ထိုမှတစ်ပါး မျက်မှောက်ဘဝ၌ ဆင်းရဲကင်းငြိမ်းသော လောကနိဗ္ဗာန်ကို အချို့သူတို့သည် ပြောဆိုကုန်၏။ ဤသို့ ထင်ရှားရှိသော အတ္တကို သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏၊ ထိုမှတစ်ပါး ထင်ရှားရှိသော သတ္တဝါ၏ ပြတ်ခြင်း ပျက်စီးခြင်းသဘောမှ ကင်းခြင်းကို ပညတ်ကုန်၏၊ မျက်မှောက်ဘဝ၌ ဆင်းရဲကင်းငြိမ်းသော နိဗ္ဗာန်ကို အချို့သူတို့သည် ပြောဆိုကုန်၏။ ဤသို့ ဤအယူဝါဒတို့သည် ငါးပါးဖြစ်လျက် သုံးပါးဖြစ်ကုန်၏၊ သုံးပါးဖြစ်လျက် ငါးပါးဖြစ်ကုန်၏။ ဤကား ငါးပါး, သုံးပါးသော အယူဝါဒကို အကျဉ်းပြခြင်းတည်း။
၂၂။ ရဟန်းတို့ ထိုစကား၌ အကြင်သမဏဗြာဟ္မဏတို့သည် အတ္တကို သညာရှိ၏၊ သေသည့် နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်လည်း ရှိ၏၊ သညာလည်း ရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်ကား မရှိ သညာကား ရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏ တို့သည် အတ္တကို ရုပ်လည်း ရှိ၏၊ ရုပ်လည်း မရှိ၊ သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်ရှိသည်လည်း မဟုတ်၊ ရုပ်မရှိသည်လည်း မဟုတ်၊ သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို တစ်ခုတည်းသော သညာ ‘ဧကတ္တသညာ’လည်း ရှိ၏၊ သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ် ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို အထူးထူးသော သညာလည်း ရှိ၏၊ သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ငယ်သော သညာလည်း ရှိ၏၊ သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏ တို့သည် အတ္တကို အတိုင်းအရှည်မရှိသော ကြီးသောသညာလည်း ရှိ၏၊ သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။
ထိုမှတစ်ပါး ဤသို့ သညာသတ္တကကို လွန်ကုန်သော အချို့ပုဂ္ဂိုလ်တို့တွင် အချို့သော ပုဂ္ဂိုလ်တို့ သည် ဝိညာဏကသိုဏ်းကို အတိုင်းမရှိကြီး၏၊ တုန်လှုပ်ခြင်းမရှိဟု ပြောဆိုကုန်၏။ ရဟန်းတို့ ငါဘုရား သည် ထိုမှားသောအယူကို ထူးသောဉာဏ်ဖြင့် သိ၏။ အကြင်အသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်လည်း ရှိ၏၊ သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏ တို့သည် အတ္တကို ရုပ်လည်း မရှိ၊ သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင် သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်လည်း ရှိ၏၊ ရုပ်လည်း မရှိ၊ သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်ရှိသည်လည်း မဟုတ်၊ ရုပ်မရှိ့သည်လည်း မဟုတ်၊ သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏ တို့သည် အတ္တကို တစ်ခုတည်းသောသညာ ‘ဧကတ္တသညာ’လည်း ရှိ၏၊ သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို အထူးထူးသော သညာလည်း ရှိ၏၊ သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ငယ်သော သညာလည်း ရှိ၏၊ သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏ ဗြာဟ္မဏတို့သည် အတ္တကို အတိုင်းအရှည်မရှိသော ကြီးသော သညာလည်း ရှိ၏၊ သညာရှိ၏၊ သေသည့် နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ (ဤသို့ထူးသော ဉာဏ်ဖြင့် သိ၏၂)။
ထိုမှတစ်ပါး အကယ်၍ ရုပ်ရှိသော သညာကိုဖြစ်စေ၊ အကယ်၍ နာမ်ရှိသော သညာကိုဖြစ်စေ၊ အကယ်၍ တစ်ခုတည်းသော သညာကိုဖြစ်စေ၊ အကယ်၍ အထူးထူးသော သညာကိုဖြစ်စေ၊ ထိုသညာတို့၏ အကြင်ကိလေသာ စင်ကြယ်ခြင်းကိုလည်းကောင်း၊ အကြင်မြတ်ခြင်းကိုလည်းကောင်း၊ အကြင်ချီးမွမ်းခြင်း ကိုလည်းကောင်း၊ အကြင်အတုမရှိမြတ်ခြင်းကိုလည်းကောင်း ဆိုအပ်၏၊ နတ္ထိကိဥ္စိဟု စီးဖြန်း၍ရသော အာကိဉ္စညာယတနဈာန်ကို အချို့ပုဂ္ဂိုလ်တို့သည် အတိုင်းမရှိ ကြီး၏၊ မတုန်လှုပ်ခြင်းသို့ ရောက်၏ဟု ပြောဆိုကုန်၏၊ ထိုအလုံးစုံသော သညာသည် ပြုပြင်အပ်သည်ဖြစ်၍ ရုန့်ရင်း၏၊ စင်စစ်သင်္ခါရတို့၏ ချုပ်ရာ နိဗ္ဗာန်သည် ရှိသည်သာတည်း။ ဤနိဗ္ဗာန်သည် ရှိ၏ဟု ဤသို့ သိ၍ ထိုသင်္ခါရ၏ ထွက်မြောက် ရာနိဗ္ဗာန်ကို ရှုလေ့ရှိသော မြတ်စွာဘုရားသည် ထိုသင်္ခါရကို လွန်မြောက်၏။
၂၃။ ရဟန်းတို့ ထိုရှစ်ပါးသော အသညီဝါဒတို့၌ အကြင်သမဏဗြာဟ္မဏတို့သည် အတ္တကို သညာ မရှိ၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်ကား ရှိ၏၊ သညာ မရှိ၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တ ကို ရုပ်လည်း မရှိ၊ သညာလည်း မရှိ၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏ ဗြာဟ္မဏတို့သည် အတ္တကို ရုပ်လည်း ရှိ၏၊ ရုပ်လည်း မရှိ၊ သညာမရှိ၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏ ဗြာဟ္မဏတို့သည် အတ္တကို ရုပ်ရှိသည်လည်း မဟုတ်၊ ရုပ်မရှိသည်လည်း မဟုတ်၊ သညာမရှိ၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။
ရဟန်းတို့ ထိုစကား၌ အကြင်သမဏဗြာဟ္မဏတို့သည် အတ္တကို သညာရှိ၏၊ သေသည့် နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။
ထိ်ုသမဏဗြာဟ္မဏတို့အား ဤသညာမရှိဝါဒီပုဂ္ဂိုလ်တို့က တားမြစ်ကြကုန်၏၊ ထိုသို့ တားမြစ်ခြင်း သည် အဘယ့်ကြောင့်နည်းဟူမူ— သညာသည် ရောဂါနှင့်တူ၍ သညာသည် အိုင်းအမာနှင့်တူ၍ သညာသည် မြားငြောင့်နှင့်တူ၍ သညာမရှိခြင်းသည် ငြိမ်သက်မွန်မြတ်သောကြောင့်တည်း။ ရဟန်းတို့ ငါသည် ထိုအယူ ကို ထူးသောဉာဏ်ဖြင့် သိ၏။ အကြင်အသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို သညာမရှိ၊ သေသည့် နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်ကား ရှိ၏၊ သညာကား မရှိ၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်မရှိ၊ သညာမရှိ၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်လည်း ရှိ၏၊ ရုပ်လည်း မရှိ၊ သညာမရှိ၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင် သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်ရှိသည်လည်း မဟုတ်၊ ရုပ်မရှိသည်လည်း မဟုတ်၊ သညာမရှိ၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။
ရဟန်းတို့ တစ်စုံတစ်ယောက်သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ဤသို့ ပြောဆိုငြားအံ့၊ “ငါသည် ရုပ်ကို ကြဉ်၍ ဝေဒနာကို ကြဉ်၍ သညာကို ကြဉ်၍ သင်္ခါရတို့ကို ကြဉ်၍ ဝိညာဏ်ကို ကြဉ်၍ (ပဋိသန္ဓေ၏အစွမ်းအားဖြင့်) လာခြင်းကိုလည်းကောင်း၊ စုတိ၏အစွမ်းအားဖြင့် သွားခြင်းကိုလည်းကောင်း၊ သေခြင်းကိုလည်းကောင်း၊ ဥပပါတ်အားဖြင့် ကိုယ်ထင်ရှားဖြစ်ခြင်းကိုလည်း့ကောင်း၊ ကြီးပွါးခြင်းကိုလည်းကောင်း၊ စည်ပင်ခြင်းကိုလည်းကောင်း၊ ပြန့်ပြောခြင်းကိုလည်းကောင်း ပညတ်ပေအံ့”ဟု (ဆိုငြားအံ့)၊ ဤအကြောင်းသည် မရှိ၊ ထိုသင်္ခါရသည် ပြုပြင်အပ်သည်ဖြစ်၍ ရုန့်ရင်း၏၊ စင်စစ် သင်္ခါရတို့၏ ချုပ်ရာနိဗ္ဗာန်သည် ရှိသည်သာတည်း။ ဤနိဗ္ဗာန်သည် ရှိ၏ဟု ဤသို့ သိ၍ ထိုသင်္ခါရ၏ ထွက်မြောက်ရာ နိဗ္ဗာန်ကို ရှုလေ့ရှိသော မြတ်စွာဘုရားသည် ထိုသင်္ခါရကို လွန်မြောက်၏။
၂၄။ ရဟန်းတို့ ထိုရှစ်ပါးသော နေဝသညီနာသညီဝါဒတို့၌ အကြင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုန့်ရင်းသော သညာရှိသည်လည်း မဟုတ်၊ သိမ်မွေ့သော သညာမရှိသည်လည်း မဟုတ်၊ သေသည့် နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင် သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်လည်း ရှိ၏၊ ရုန့်ရင်း သော သညာရှိသည်လည်း မဟုတ်၊ သိမ်မွေ့သောသညာမရှိသည်လည်း မဟုတ်၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်လည်း မရှိ၊ ရုန့်ရင်းသော သညာရှိသည်လည်း မဟုတ်၊ သိမ်မွေ့သောသညာမရှိသည်လည်း မဟုတ်၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်လည်း ရှိ၏၊ ရုပ်လည်း မရှိ၊ ရုန့်ရင်း သော သညာမရှိ၊ သိမ်မွေ့သောသညာ မရှိသည်လည်း မဟုတ်၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်ရှိသည်လည်း မဟုတ်၊ ရုပ်မရှိသည်လည်း မဟုတ်၊ ရုန့်ရင်းသော သညာရှိသည်လည်း မဟုတ်၊ သိမ်မွေ့သော သညာမရှိသည်လည်း မဟုတ်၊ သေသည့်နောက် ၌ မြဲ၏ဟု ပညတ်ကုန်၏။
ရဟန်းတို့ ထိုစကား၌ အကြင်သမဏဗြာဟ္မဏတို့သည် အတ္တကို သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိ်ုသမဏဗြာဟ္မဏတို့အား ဤသညာမရှိဝါဒီပုဂ္ဂိုလ်တို့က တားမြစ်ကြကုန်၏၊ အကြင်အသျှင်သမဏဗြာဟ္မဏတို့သည်လည်း အတ္တကို သညာမရှိ၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ် ကုန်၏။ ထိ်ုအသျှင်သမဏဗြာဟ္မဏတို့အား ဤနေဝသညီနာသညီဝါဒီပုဂ္ဂိုလ်တို့က တားမြစ်ကြကုန်၏၊ ထိုတားမြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ— သညာသည် ရောဂါနှင့်တူ၍ သညာသည် အိုင်းအမာ နှင့်တူ၍ သညာသည် မြားငြောင့်နှင့်တူ၍ သညာမရှိခြင်းသည် တွေဝေခြင်းအကြောင်းဖြစ်၍ ရုန့်ရင်းသော သညာမရှိ, သိမ်မွေ့သော သညာသာရှိသည်၏ အဖြစ်သည် ငြိမ်သက်မွန်မြတ်သောကြောင့်တည်း၊ ရဟန်း တို့ ငါဘုရားသည် ထိုအယူကို ထူးသောဉာဏ်ဖြင့် သိ၏။ အကြင်အသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုန့်ရင်းသောသညာကား မရှိ၊ သိမ်မွေ့သောသညာသာ ရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်ရှိ၏၊ ရုန့်ရင်းသော သညာကား မရှိ၊ သိမ်မွေ့သော သညာသာ ရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်လည်း မရှိ၊ ရုန့်ရင်းသော သညာကား မရှိ၊ သိမ်မွေ့သော သညာသာ ရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်လည်း ရှိ၏၊ ရုပ်လည်း မရှိ၊ ရုန့်ရင်းသော သညာကား မရှိ၊ သိမ်မွေ့သော သညာသာ ရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ် ကုန်၏။ ထိုအသျှင် သမဏဗြာဟ္မဏတို့သည် အတ္တကို ရုပ်ရှိသည်လည်း မဟုတ်၊ ရုပ်မရှိသည်လည်း မဟုတ်၊ ရုန့်ရင်းသော သညာကား မရှိ၊ သိမ်မွေ့သော သညာသာ ရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။
ရဟန်းတို့ အလုံးစုံကုန်သော သမဏဗြာဟ္မဏတို့သည် မြင်ရသောအာရုံ ကြားရသောအာရုံ တွေ့ရ သော အာရုံကို သိတတ်သော ရုန့်ရင်းသော သင်္ခါရမျှဖြင့် ထိုနေဝသညာနာသညာယတန၏ ပြည့်စုံခြင်းကို ပညတ်ကုန်၏၊ ရဟန်းတို့ ထိုနေဝသညာနာသညာယတန၏ ပြည့်စုံခြင်းဖြင့် ပျက်စီး၏ဟု ဆိုအပ်၏။ ရဟန်းတို့ ထိုနေဝသညာနာသညာယတနကို ရုန့်ရင်းသော သင်္ခါရဖြစ်ခြင်းသို့ ရောက်၏ဟု မဆိုအပ်။ ရဟန်းတို့ ထိုနေဝသညာနာသညာယတနကို သင်္ခါရတို့တွင် အကြွင်းဖြစ်သော သိမ်မွေ့သော သင်္ခါရသို့ရောက်၏ဟု ဆိုအပ်၏။ ထိုသင်္ခါရသည် ပြုပြင်အပ်သည်ဖြစ်၍ ရုန့်ရင်း၏၊ စင်စစ် သင်္ခါရတို့၏ ချုပ်ရာ နိဗ္ဗာန်သည် ရှိသည်သာတည်း၊ ဤနိဗ္ဗာန်သည် ရှိ၏ဟု ဤသို့ သိ၍ ထိုသခ ငါ်္ရ၏ ထွက်မြောက်ရာ နိဗ္ဗာန်ကို ရှုလေ့ရှိသော မြတ်စွာဘုရားသည် သင်္ခါရကို လွန်မြောက်၏။
၂၅။ ရဟန်းတို့ ထိုခုနစ်ပါးသော ဥစ္ဆေဒဝါဒတို့၌ အကြင်သမဏဗြာဟ္မဏတို့သည် ထင်ရှားရှိသော သတ္တဝါ၏ ပြတ်ခြင်း ပျက်စီးခြင်းသဘောမှ ကင်းခြင်းကို ပညတ်ကုန်၏။ ရဟန်းတို့ ထိုစကား၌ အကြင် သမဏဗြာဟ္မဏတို့သည် အတ္တကို သညာရှိ၏၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏၊ ထိုသမဏ ဗြာဟ္မဏတို့အား ဤသညာမရှိဝါဒီပုဂ္ဂိုလ်တို့က တားမြစ်ကြကုန်၏။ အကြင်အသျှင်သမဏဗြာဟ္မဏတို့ သည်လည်း အတ္တကို သညာမရှိ၊ သေသည့်နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏ တို့အား ဤနေဝသညီနာသညီဝါဒီပုဂ္ဂိုလ်တို့က တားမြစ်ကြကုန်၏။ အကြင်အသျှင်သမဏဗြာဟ္မဏတို့ သည်လည်း အတ္တကို ရုန့်ရင်းသော သညာမရှိ၊ သိမ်မွေ့သော သညာသာ ရှိ၏၊ သေသည့် နောက်၌ မြဲ၏ဟု ပညတ်ကုန်၏။ ထိုအသျှင်သမဏဗြာဟ္မဏတို့အား ဤဥစ္ဆေ ဒဝါဒီပုဂ္ဂိုလ်တို့က တားမြစ်ကြကုန်၏။ ထိုသို့တားမြစ်ခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ— အလုံးစုံလည်းဖြစ်သော ဤအသျှင်သမဏဗြာဟ္မဏ တို့သည် “ဤသို့ နောက်ဘဝ၌ ဖြစ်ရကုန်တော့အံ့၊ ဤသို့ နောက်ဘဝ၌ ဖြစ်ရကုန်တော့အံ့”ဟု (သေသည်မှ) အထက်ဖြစ်သော နောက်၌ ကျင်လည်ခြင်းကို ငြိကပ်လျက် ပြောဆိုကုန်သောကြောင့်တည်း။
ဥပမာအားဖြင့် ကုန်ရောင်းခြင်းငှါ သွားသောကုန်သည်အား “ဤအရပ်မှ ငါ့မှာ ဤမျှသော အမြတ်ငွေသည် ဖြစ်လတ္တံ့၊ ဤကုန်ဖြင့် ဤအမြတ်ငွေကို ရတော့အံ့”ဟု အကြံအစည်ဖြစ်ရာသကဲ့သို့၊ ဤအတူသာလျှင် ဤအသျှင်သမဏဗြာဟ္မဏတို့သည် “ဤသို့ နောက်ဘဝ၌ ဖြစ်ရကုန်တော့အံ့၊ ဤသို့ နောက်ဘဝ၌ ဖြစ်ရကုန်တော့အံ့”ဟု ကုန်သည်တို့နှင့် တူကုန်သကဲ့သို့ ထင်ကုန်၏။ ရဟန်းတို့ ထိုအယူကို ငါဘုရားသည် ထူးသော ဉာဏ်ဖြင့် သိ၏။
အကြင်အသျှင်သမဏဗြာဟ္မဏတို့သည် ထင်ရှားရှိသော သတ္တဝါ၏ ပြတ်ခြင်း ပျက်စီးခြင်း သဘောမှ ကင်းခြင်းကို ပညတ်ကုန်၏။ ထိုသမဏဗြာဟ္မဏတို့သည် သက္ကာယကို ကြောက်ကုန်လျက် သက္ကာယကို စက်ဆုပ်ကုန်လျက် သက္ကာယသို့သာလျှင် အစဉ်ပြေးကုန်၏၊ သက္ကာယသို့သာလျှင် အစဉ်လည်ကုန်၏၊ ဥပမာအားဖြင့် ကြိုးကျည်တောက်ဖြင့် ချည်ထားသော ခွေးသည် မြဲအောင် စိုက်ထားသောတိုင်၌လည်း ကောင်း၊ ငုတ်၌လည်းကောင်း၊ ဖွဲ့ချည်ထားသည်ဖြစ်၍ ထိုတိုင်သို့လည်းကောင်း၊ ငုတ်သို့လည်းကောင်း အစဉ်ပြေးသကဲ့သို့၊ အစဉ်လည်သကဲ့သို့၊ ဤအတူသာလျှင် ဤအသျှင်သမဏဗြာဟ္မဏတို့သည် သက္ကာယကို ကြောက်ကုန်လျက် သက္ကာယကို စက်ဆုပ်ကုန်လျက် သက္ကာယသို့သာလျှင် အစဉ်ပြေးကုန်၏၊ သက္ကာယ သို့သာလျှင် အစဉ်လည်ကုန်၏၊ ထိုသင်္ခါရသည် ပြုပြင်အပ်သည်ဖြစ်၍ ရုန့်ရင်း၏၊ စင်စစ် သင်္ခါရတို့၏ ချုပ်ရာ နိဗ္ဗာန်သည် ရှိသည်သာတည်း၊ ဤနိဗ္ဗာန်သည် ရှိ၏ဟု ဤသို့ သိ၍ ထိုသင်္ခါရ၏ ထွက်မြောက်ရာ နိဗ္ဗာန်ကို ရှုလေ့ရှိသော မြတ်စွာဘုရားသည် ထိုသင်္ခါရကို လွန်မြောက်၏။
၂၆။ ရဟန်းတို့ နောက်အဖို့ကို ကြံဆကုန်သော နောက်အဖို့ကို စွဲယူသော အချို့သော သမဏ ဗြာဟ္မဏတို့သည် ရှိကုန်၏၊ (ထိုသူတို့သည်) နောက်အဖို့ကို စွဲမှီ၍ များပြားသော မိစ္ဆာအယူပြ စကားတို့ ကို ပြောဟောကုန်၏။ ထိုအလုံးစုံသော သမဏဗြာဟ္မဏတို့သည် ဤငါးပါးသော အကြောင်းတို့ကိုသာလျှင်လည်းကောင်း ဤငါးပါးသော အကြောင်းတို့တွင် တစ်ပါးပါးသော အကြောင်းကိုလည်းကောင်း ပြောဆို ကုန်၏။
၂၇။ ရဟန်းတို့ ရှေ့အဖို့ကို ကြံဆကုန်သော ရှေ့အဖို့ကို စွဲယူကုန်သော အချို့သော သမဏ ဗြာဟ္မဏတို့သည် ရှိကုန်၏၊ (ထိုသူတို့သည်) ရှေ့အဖို့ကို စွဲမှီ၍ များပြားသော မိစ္ဆာအယူပြ စကားတို့ကို ပြောဟောကုန်၏။ “အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲ၏၊ ဤအယူသာ မှန်၏၊ တစ်ပါးအယူသည် အချည်းနှီးသာတည်း”ဟု အချို့တို့သည် ပြောဟောကုန်၏၊ “အတ္တသည်လည်းကောင်း၊့လောကသည်လည်းကောင်း မမြဲ၊ ဤအယူသာ မှန်၏၊ တစ်ပါးအယူသည် အချည်းနှီးသာတည်း”ဟု အချို့တို့သည် ပြောဟောကုန်၏၊ “အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲသည်လည်းဟုတ်၏၊ မမြဲသည်လည်းဟုတ်၏၊ ဤအယူသာ မှန်၏၊ တစ်ပါးအယူသည် အချည်းနှီးသာတည်း”ဟု အချို့တို့သည် ပြောဟောကုန်၏၊ “အတ္တသည်လည်းကောင်း၊လောကသည်လည်းကောင်း မြဲသည်လည်း မဟုတ်၊ မမြဲသည်လည်း မဟုတ်၊ ဤအယူသာ မှန်၏၊ တစ်ပါးအယူသည် အချည်းနှီးသာတည်း”ဟု အချို့တို့သည် ပြောဟောကုန်၏။ “အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း အဆုံးရှိ၏၊ ဤအယူသာ မှန်၏၊ တစ်ပါးအယူသည် အချည်းနှီးသာတည်း”ဟု အချို့တို့သည် ပြောဟောကုန်၏၊ “အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း အဆုံးမရှိ၊ ဤအယူသာ မှန်၏၊ တစ်ပါးအယူသည် အချည်းနှီးသာတည်း”ဟု အချို့တို့သည် ပြောဟောကုန်၏၊ “အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း အဆုံးရှိသည်လည်းဟုတ်၏၊ အဆုံးမရှိသည်လည်းဟုတ်၏၊ ဤအယူသာ မှန်၏၊ တစ်ပါးအယူသည် အချည်းနှီးသာတည်း”ဟု အချို့တို့သည် ပြောဟောကုန်၏၊ “အတ္တသည်လည်း ကောင်း၊ လောကသည်လည်းကောင်း အဆုံးရှိသည်လည်း မဟုတ်၊ အဆုံးမရှိသည်လည်း မဟုတ်၊ ဤ အယူသာ မှန်၏၊ တစ်ပါးအယူသည် အချည်းနှီးသာတည်း”ဟု အချို့တို့သည် ပြောဟောကုန်၏၊ “အတ္တ သည်လည်းကောင်း၊ လောကသည်လည်းကောင်း တစ်ခုတည်းသော သညာရှိ၏၊ ဤအယူသာ မှန်၏၊ တစ်ပါးအယူသည် အချည်းနှီးသာတည်း”ဟု အချို့တို့သည် ပြောဟောကုန်၏၊ “အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း အထူးထူးသော သညာရှိ၏၊ ဤအယူသာ မှန်၏၊ တစ်ပါးအယူသည် အချည်း နှီးသာတည်း”ဟု အချို့တို့သည် ပြောဟောကုန်၏၊ “အတ္တသည်လည်းကောင်း၊ လောကသည်လည်း ကောင်း ငယ်သောသညာ ရှိ၏၊ ဤအယူသာ မှန်၏၊ တစ်ပါးအယူသည် အချည်းနှီးသာတည်း”ဟု အချို့ တို့သည် ပြောဟောကုန်၏၊ “အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း အတိုင်းအရှည်မရှိသော ကြီးသောသညာရှိ၏၊ ဤအယူသာ မှန်၏၊ တစ်ပါးအယူသည် အချည်းနှီးသာတည်း”ဟု အချို့တို့သည် ပြောဟောကုန်၏၊ “အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း စင်စစ် ချမ်းသာရှိ၏၊ ဤအယူ သာ မှန်၏၊ တစ်ပါးအယူသည် အချည်းနှီးသာတည်း”ဟု အချို့တို့သည် ပြောဟောကုန်၏၊ “အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း စင်စစ် ဆင်းရဲရှိ၏၊ ဤအယူသာ မှန်၏၊ တစ်ပါးအယူသည် အချည်းနှီးသာတည်း”ဟု အချို့တို့သည် ပြောဟောကုန်၏၊ “အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း ချမ်းသာဆင်းရဲရှိ၏၊ ဤအယူသာ မှန်၏၊ တစ်ပါးအယူသည် အချည်းနှီးသာတည်း”ဟု အချို့တို့သည် ပြောဟောကုန်၏၊ “အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း ဆင်းရဲလည်း မဟုတ် ချမ်းသာလည်းမဟုတ်၊ ဤအယူသာ မှန်၏၊ တစ်ပါးအယူသည် အချည်းနှီးသာတည်း”ဟု အချို့ တို့သည် ပြောဟောကုန်၏၊
၂၈။ ရဟန်းတို့ ထိုအယူဝါဒတို့တွင် “အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲ၏၊ ဤအယူသာ မှန်၏၊ တစ်ပါးအယူသည် အချည်းနှီးသာတည်း”ဟု ပြောလေ့ ယူလေ့ရှိကုန်သော သမဏ ဗြာဟ္မဏတို့အား စင်စစ် ယုံကြည်ခြင်းကို ကြဉ်၍လည်းကောင်း၊ နှစ်သက်ခြင်းကို ကြဉ်၍လည်းကောင်း၊ တစ်ဆင့်ကြားခြင်းကို ကြဉ်၍လည်းကောင်း၊ အခြင်းအရာကို ကြံစည်ခြင်းကို ကြဉ်၍လည်းကောင်း၊ အယူကို စူးစိုက်ကြည့်ရှု၍ ကျေနပ်ခြင်းကို ကြဉ်၍လည်းကောင်း စင်ကြယ်ဖြူစင်သော ပစ္စက္ခဉာဏ်သည် ဖြစ်လတ္တံ့ ဟူသော ဤအကြောင်းသည် မရှိ။ ရဟန်းတို့ စင်ကြယ်ဖြူစင်သော ပစ္စက္ခဉာဏ် မရှိလတ်သော် ထိုအသျှင် သမဏဗြာဟ္မဏတို့သည် ထိုအယူ၌ ဉာဏ်အဖို့သို့ အကယ်၍ သက်ဝင်ကုန်သော်လည်း ထိုအသျှင်သမဏ ဗြာဟ္မဏတို့၏ ထိုဉာဏ်အဖို့သို့ သက်ဝင်ခြင်းကိုလည်း့ဥပါဒါန်ဟူ၍ ဆိုအပ်၏။ ထိုသင်္ခါရသည် ပြုပြင် အပ်သည်ဖြစ်၍ ရုန့်ရင်း၏၊ သင်္ခါရတို့၏ ချုပ်ရာ နိဗ္ဗာန်သည် ရှိသည်သာတည်း၊ ဤနိဗ္ဗာန်သည် ရှိ၏ဟု ဤသို့ သိ၍ ထိုသင်္ခ ါရ၏ ထွက်မြောက်ရာ နိဗ္ဗာန်ကို ရှုလေ့ရှိသော မြတ်စွာဘုရားသည် ထိုသခ ငါ်္ရကို လွန်မြောက်၏။
၂၉။ ရဟန်းတို့ ထိုအယူဝါဒတို့တွင် “အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မမြဲ၊ ဤအယူသာ မှန်၏၊ တစ်ပါးအယူသည် အချည်းနှီးသာတည်း”ဟု ပြောလေ့ ယူလေ့ရှိကုန်သော သမဏ ဗြာဟ္မဏတို့သည် ရှိကုန်၏။ပ။ အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲသည်လည်းဟုတ်၏၊ မမြဲသည်လည်းဟုတ်၏။ အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း မြဲသည်လည်း မဟုတ်၊ မမြဲသည်လည်း မဟုတ်။ အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း အဆုံးအပိုင်း အခြား ရှိ၏။ အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း အဆုံးအပိုင်းအခြား မရှိ။ အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း အဆုံးအပိုင်းအခြားရှိသည်လည်းဟုတ်၏၊ အဆုံးအပိုင်းအခြား မရှိသည်လည်းဟုတ်၏။ အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း အဆုံးအပိုင်းအခြား ရှိသည်လည်း မဟုတ်၊ အဆုံးအပိုင်းအခြား မရှိသည်လည်း မဟုတ်။
အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း တစ်ခုတည်းသော သညာရှိ၏၊ အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း အထူးထူးသော သညာရှိ၏၊ အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း ငယ်သော သညာရှိ၏၊ အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း အတိုင်းအရှည်မရှိသော ကြီးသော သညာရှိ၏၊ အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း စင်စစ် ချမ်းသာသက်သက် ရှိ၏၊ အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း စင်စစ် ဆင်းရဲ သက်သက်ရှိ၏၊ အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း ချမ်းသာဆင်းရဲရှိ၏။ “အတ္တသည်လည်းကောင်း၊ လောကသည်လည်းကောင်း ဆင်းရဲလည်း မဟုတ် ချမ်းသာလည်း မဟုတ်၊ ဤအယူသာ မှန်၏၊ တစ်ပါးအယူသည် အချည်းနှီးသာတည်း”ဟု ပြောလေ့ ယူလေ့ရှိကုန်သော သမဏဗြာဟ္မဏတို့ အား စင်စစ် ယုံကြည်ခြင်းကို ကြဉ်၍လည်းကောင်း နှစ်သက်ခြင်းကို ကြဉ်၍လည်းကောင်း၊ တစ်ဆင့်ကြား ခြင်းကို ကြဉ်၍လည်းကောင်း၊ အခြင်းအရာကို ကြံစည်ခြင်းကို ကြဉ်၍လည်းကောင်း၊ အယူကို စူးစိုက်ကြည့် ရှု၍ ကျေနပ်ခြင်းကို ကြဉ်၍လည်းကောင်း ကိလေသာ စင်ကြယ်ဖြူစင်သော ပစ္စက္ခဉာဏ်သည် ဖြစ်လတ္တံ့ ဟူသော ဤအကြောင်းသည် မရှိ။
ရဟန်းတို့ စင်ကြယ်ဖြူစင်သော ပစ္စက္ခဉာဏ် မရှိလတ်သော် အသျှင်သမဏဗြာဟ္မဏတို့သည် ထို အယူ၌ ဉာဏ်အဖို့သို့ သက်ဝင်ကုန်သော်လည်း ထိုအသျှင်သမဏဗြာဟ္မဏတို့၏ ထိုဉာဏ်အဖို့သို့ သက်ဝင် ခြင်းကိုလည်း ဥပါဒါန်ဟူ၍ ဆိုရ၏။ ထိုသင်္ခါရသည် ပြုပြင်အပ်သည်ဖြစ်၍ ရုန့်ရင်း၏၊ သင်္ခါရတို့၏ ချုပ်ရာနိဗ္ဗာန်သည် ရှိသည်သာတည်း၊ ဤနိဗ္ဗာန်သည် ရှိ၏ဟု ဤသို့ သိ၍ ထိုသင်္ခါရ၏ ထွက်မြောက်ရာ နိဗ္ဗာန်ကို ရှုလေ့ရှိသော မြတ်စွာဘုရားသည် ထိုသခ ငါ်္ရကို လွန်မြောက်၏။
၃ဝ။ ရဟန်းတို့ ဤလောက၌ အချို့သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း၊ ရှေ့အဖို့ကို စွဲယူခြင်းတို့ကို စွန့်ခြင်းကြောင့်လည်းကောင်း၊ နောက်အဖို့ကို စွဲယူခြင်းတို့ကို စွန့်ခြင်းကြောင့်လည်းကောင်း၊ အချင်းခပ်သိမ်း ကာမရာဂသံယောဇဉ်တို့ကို မဆောက်တည်ခြင်းကြောင့်လည်းကောင်း နီဝရဏကင်း ဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ရှိသော (ပဌမ, ဒုတိယ) ဈာန်ကို ပြည့်စုံစေ၍ နေ၏။ “နီဝရဏ ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ရှိသော (ပဌမ, ဒုတိယ) ဈာန်ကို ပြည့်စုံစေ၍ နေခြင်းသည် ငြိမ်သက်၏၊ မွန်မြတ်၏”ဟု နှလုံးသွင်း၍ နေ၏။ ထိုပုဂ္ဂိုလ်အား ထိုနီဝရဏ ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ရှိသော ပဌမဈာန် ဒုတိယဈာန်သည် ချုပ်၏၊ ထိုနီဝရဏ ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ရှိသော ပဌမဈာန် ဒုတိယဈာန် ချုပ်ခြင်းကြောင့်စိတ်ဆင်းရဲမှု ‘ဒေါမနဿ’ သည် ဖြစ်၏၊ စိတ်ဆင်းရဲမှု ‘ဒေါမနဿ’ ချုပ်ခြင်းကြောင့် နီဝရဏကင်း ဆိတ်ခြင်း ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ရှိသော (ပဌမ, ဒုတိယ) ဈာန်သည် ဖြစ်၏။
ရဟန်းတို့ ဥပမာအားဖြင့် အရိပ်ဖဲစွန့်သွားသော အရပ်ကို နေပူသည် ပျံ့နှံ့သကဲ့သို့၊ နေပူဖဲစွန့် သွားသော အရပ်ကို အရိပ်သည် ပျံ ့နှံ့သကဲ့သို့၊ ဤအတူသာလျှင် နီဝရဏကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ရှိသော ပဌမဈာန် ဒုတိယဈာန် ချုပ်ခြင်းကြောင့် စိတ်ဆင်းရဲမှု ‘ဒေါမနဿ’ သည် ဖြစ်၏၊ စိတ်ဆင်းရဲမှု ‘ဒေါမနဿ’ ချုပ်ခြင်းကြောင့် နီဝရဏကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း “ပီတိ’ ရှိသော ပဌမဈာန် ဒုတိယဈာန်သည် ဖြစ်၏။ ရဟန်းတို့ ထိုအကြောင်းအရာကို ဘုရားသျှင်သည် သိ၏။
ရဟန်းတို့ ငါဘုရားသည် ဤအသျှင်သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း၊ ရှေ့အဖို့ကို စွဲယူခြင်းတို့ကို စွန့်ခြင်းကြောင့်လည်းကောင်း၊ နောက်အဖို့ကို စွဲယူခြင်းတို့ကို စွန့်ခြင်းကြောင့်လည်းကောင်း၊ အချင်းခပ်သိမ်း ကာမရာဂသံယောဇဉ်တို့ကို မဆောက်တည်ခြင်းကြောင့်လည်းကောင်း နီဝရဏကင်းဆိတ်ခြင်း ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ရှိသော ပဌမဈာန် ဒုတိယဈာန်ကို ပြည့်စုံစေ၍ နေ၏၊ “နီဝရဏကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ရှိသော ပဌမဈာန် ဒုတိယဈာန်ကို ပြည့် စုံစေ၍ နေခြင်းသည် ငြိမ်သက်၏၊ မွန်မြတ်၏” ဟူ၍ နှလုံးသွင်း၍ နေ၏။ ထိုပုဂ္ဂိုလ်အား နီဝရဏ ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော ထိုနှစ်သိမ့်ခြင်း ‘ပီတိ’ ရှိသော ပဌမဈာန် ဒုတိယဈာန်သည် ချုပ်ငြိမ်း၏၊ နီဝရဏကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ရှိသော ပဌမဈာန် ဒုတိယဈာန် ချုပ်ခြင်းကြောင့် စိတ်ဆင်းရဲမှု ‘ဒေါမနဿ’ သည် ဖြစ်၏၊ စိတ်ဆင်းရဲမှု ‘ဒေါမနဿ’ ချုပ်ခြင်းကြောင့် နီဝရဏကင်းဆိတ်ခြင်း ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ရှိသော ပဌမဈာန် ဒုတိယဈာန်သည် ဖြစ်၏။ ထိုသို့ဖြစ်ခြင်းသည် ပြုပြင်အပ်သော သဘောဖြစ်၍ ရုန့်ရင်း၏၊ သင်္ခါရတို့၏ ချုပ်ရာ နိဗ္ဗာန်သည် ရှိသည်သာတည်း၊ ဤနိဗ္ဗာန် သည် ရှိ၏ဟု ဤသို့ သိ၍ ထိုသခ ငါ်္ရ၏ ထွက်မြောက်ရာ နိဗ္ဗာန်ကို ရှုလေ့ရှိသော မြတ်စွာဘုရားသည် ထို သခ ငါ်္ရကို လွန်မြောက်၏။
၃၁။ ရဟန်းတို့ ဤလောက၌ အချို့သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ရှေ့အဖို့ကို စွဲယူခြင်းတို့ကို စွန့်ခြင်းကြောင့်လည်းကောင်း၊ နောက်အဖို့ကို စွဲယူခြင်းတို့ကို စွန့်ခြင်းကြောင့်လည်းကောင်း၊ အချင်းခပ်သိမ်း ကာမရာဂသံယောဇဉ်တို့ကို မဆောက်တည်ခြင်းကြောင့်လည်းကောင်း နီဝရဏကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ရှိသော ပဌမဈာန် ဒုတိယဈာန်ကို လွန်မြောက် ခြင်းကြောင့်လည်းကောင်း အာမိသကင်းသော (တတိယဈာန်) ချမ်းသာကို ပြည့်စုံစေ၍ နေ၏။ “ဤ အာမိသကင်းသော (တတိယဈာန်) ချမ်းသာကို ပြည့်စုံစေ၍ နေခြင်းသည် ငြိမ်သက်၏၊ မွန်မြတ်၏”ဟု နှလုံးသွင်း၍နေ၏။ ထိုပုဂ္ဂိုလ်အား အာမိသကင်းသော ထို (တတိယဈာန်) ချမ်းသာသည် ချုပ်၏၊ အာမိသ ကင်းသော (တတိယဈာန်) ချမ်းသာ ချုပ်ခြင်းကြောင့် နီဝရဏကင်းဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ရှိသော ပဌမဈာန် ဒုတိယဈာန်သည် ဖြစ်၏၊ နီဝရဏကင်းဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ရှိသော ပဌမဈာန် ဒုတိယဈာန် ချုပ်ခြင်းကြောင့် အာမိသကင်းသော (တတိယ ဈာန်) ချမ်းသာသည် ဖြစ်၏။
ရဟန်းတို့ ဥပမာအားဖြင့် အရိပ်ဖဲစွန့်သွားသော အရပ်ကို နေပူသည် ပျံ ့နှံ့သကဲ့သို့၊ နေပူဖဲစွန့် သွားသော အရပ်ကို အရိပ်သည် ပျံ ့နှံ့သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် အာမိသကင်းသော တတိယ ဈာန်ချုပ်ခြင်းကြောင့် နီဝရဏကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ရှိသော ပဌမဈာန် ဒုတိယ ဈာန်သည် ဖြစ်၏၊ နီဝရဏကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ရှိသော ပဌမဈာန် ဒုတိယ ဈာန်ချုပ်ခြင်းကြောင့် အာမိသကင်းသော (တတိယဈာန်) ချမ်းသာသည် ဖြစ်၏။ ရဟန်းတို့ထိုအကြောင်း အရာကို မြတ်စွာဘုရားသည် သိ၏။
ဤအသျှင်သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ရှေ့အဖို့ကို စွဲယူခြင်းတို့ကို စွန့်ခြင်းကြောင့်လည်းကောင်း၊ နောက်အဖို့ကို စွဲယူခြင်းတို့ကို စွန့်ခြင်းကြောင့်လည်းကောင်း အချင်းခပ် သိမ်း ကာမရာဂသံယောဇဉ်တို့ကို မဆောက်တည်ခြင်းကြောင့်လည်းကောင်း၊ နီဝရဏကင်းဆိတ်ခြင်း ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း’ပီတိ’ရှိသော ပဌမဈာန် ဒုတိယဈာန်ကို လွန်မြောက်ခြင်းကြောင့်လည်းကောင်း အာမိသကင်းသော (တတိယဈာန်) ချမ်းသာကို ပြည့်စုံစေ၍ နေ၏။ “ဤအာမိသကင်းသော တတိယဈာန် ချမ်းသာကို ပြည့်စုံစေ၍ နေခြင်းသည် ငြိမ်သက်၏၊ မွန်မြတ်၏”ဟု နှလုံးသွင်း၍ နေ၏။ ထိုပုဂ္ဂိုလ်အား အာမိသကင်းသော (တတိယဈာန်) ချမ်းသာသည် ချုပ်၏၊ အာမိသကင်းသော (တတိယဈာန်) ချမ်းသာ ချုပ်ခြင်းကြောင့် နီဝရဏကင်းဆိတ်ခြင်းကြောင့် ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ရှိသော ပဌမဈာန် ဒုတိယ ဈာန်သည် ဖြစ်၏၊ နီဝရဏကင်းဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ရှိသော ပဌမဈာန် ဒုတိယ ဈာန်ချုပ်ခြင်းကြောင့် အာမိသကင်းသော (တတိယဈာန်) ချမ်းသာသည် ဖြစ်၏။ ထိုသို့ ဖြစ်ခြင်းသည် ပြုပြင်အပ်သော သဘောဖြစ်၍ ရုန့်ရင်း၏၊ သင်္ခါရတို့၏ ချုပ်ရာ နိဗ္ဗာန်သည် ရှိသည်သာတည်း၊ ဤချုပ်ရာ နိဗ္ဗာန်သည် ရှိ၏ဟု ဤသို့ သိ၍ ထိုသခ ငါ်္ရ၏ ထွက်မြောက်ရာ နိဗ္ဗာန်ကို ရှုလေ့ရှိသော မြတ်စွာဘုရား သည် ထိုသခ ငါ်္ရကို လွန်မြောက်၏။
၃၂။ ရဟန်းတို့ ဤ လောက၌ အချို့သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ရှေ့အဖို့ကို စွဲယူခြင်းတို့ကို စွန့်ခြင်းကြောင့်လည်းကောင်း၊ နောက်အဖို့ကို စွဲယူခြင်းတို့ကို စွန့်ခြင်းကြောင့်လည်းကောင်း၊ အချင်းခပ်သိမ်း ကာမရာဂသံယောဇဉ်တို့ကို မဆောက်တည်ခြင်းကြောင့်လည်းကောင်း နီဝရဏကင်း ဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း ‘ပီတိ’ ရှိသော ပဌမဈာန် ဒုတိယဈာန်ကို လွန်မြောက် ခြင်းကြောင့်လည်းကောင်း၊ အာမိသကင်းသော (တတိယဈာန်) ချမ်းသာကို လွန်မြောက်ခြင်းကြောင့်လည်းကောင်း ဒုက္ခလည်းမဟုတ် သုခလည်းမဟုတ်သော ဝေဒနာရှိသော စတုတ္ထဈာန်ကို ပြည့်စုံစေ၍နေ၏၊ “ဤဒုက္ခလည်းမဟုတ် သုခလည်း မဟုတ်သော ဝေဒနာရှိသော စတုတ္ထဈာန်ကို ပြည့်စုံစေ၍ နေခြင်းသည် ငြိမ်သက်၏၊ မွန်မြတ်၏”ဟု နှလုံးသွင်း၍ နေ၏၊ ထိုပုဂ္ဂိုလ်အား ဒုက္ခလည်းမဟုတ် သုခလည်းမဟုတ်သော ဝေဒနာရှိသော စတုတ္ထဈာန်သည် ချုပ်၏၊ ဒုက္ခလည်းမဟုတ် သုခလည်းမဟုတ်သော ဝေဒနာရှိသော စတုတ္ထဈာန် ချုပ်ခြင်းကြောင့် အာမိသကင်းသော တတိယဈာန် ချမ်းသာသည် ဖြစ်၏၊ အာမိသကင်းသော တတိယဈာန်ချမ်းသာ ချုပ်ခြင်းကြောင့် ဒုက္ခလည်းမဟုတ် သုခလည်းမဟုတ်သော ဝေဒနာရှိသော စတုတ္ထဈာန်သည် ဖြစ်၏။
ရဟန်းတို့ ဥပမာအားဖြင့် အရိပ်ဖဲစွန့်သွားသော အရပ်ကို နေပူသည် ပျံ့နှံ့သကဲ့သို့၊ နေပူဖဲစွန့် သွားသော အရပ်ကို အရိပ်သည် ပျံ ့နှံ့သကဲ့သို့၊ ရဟန်းတို့ ဤအတူသာလျှင် ဒုက္ခလည်းမဟုတ် သုခလည်းမဟုတ်သော ဝေဒနာရှိသော စတုတ္ထဈာန် ချုပ်ခြင်းကြောင့် အာမိသကင်းသော (တတိယဈာန်) ချမ်းသာသည် ဖြစ်၏၊ အာမိသ ကင်းသော (တတိယဈာန်) ချမ်းသာ ချုပ်ခြင်းကြောင့် ဒုက္ခလည်းမဟုတ် သုခလည်းမဟုတ်သော ဝေဒနာရှိသော စတုတ္ထဈာန်သည် ဖြစ်၏။ ရဟန်းတို့ ထိုအကြောင်းအရာကို ငါ ဘုရားသည် သိ၏။
ဤအသျှင်သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ရှေ့အဖို့ကို စွဲယူခြင်းတို့ကို စွန့်ခြင်းကြောင့်လည်းကောင်း၊ နောက်အဖို့ကို စွဲယူခြင်းတို့ကို စွန့်ခြင်းကြောင့်လည်းကောင်း၊ အချင်း ခပ်သိမ်း ကာမရာဂသံယောဇဉ်တို့ကို မဆောက်တည်ခြင်းကြောင့်လည်းကောင်း၊ နီဝရဏကင်းဆိတ်ခြင်း ကြောင့်ဖြစ်သော ပီတိရှိသော ပဌမဈာန် ဒုတိယဈာန်ကို လွန်မြောက်ခြင်းကြောင့်လည်းကောင်း၊ အာမိသ ကင်းသော တတိယဈာန်ချမ်းသာကို လွန်မြောက်ခြင်းကြောင့်လည်းကောင်း ဒုက္ခလည်းမဟုတ် သုခလည်း့မဟုတ်သော ဝေဒနာရှိသော စတုတ္ထဈာန်ကို ပြည့်စုံစေ၍ နေ၏၊ “ဤဒုက္ခလည်းမဟုတ် သုခလည်းမဟုတ် သော ဝေဒနာရှိသော စတုတ္ထဈာန်ကို ပြည့်စုံစေ၍ နေခြင်းသည် ငြိမ်သက်၏၊ မွန်မြတ်၏”ဟု နှလုံးသွင်း၍ နေ၏၊ ထိုပုဂ္ဂိုလ်အား ထိုဒုက္ခလည်းမဟုတ် သုခလည်း မဟုတ်သော ဝေဒနာရှိသော စတုတ္ထဈာန်သည် ချုပ်၏၊ ဒုက္ခလည်းမဟုတ် သုခလည်းမဟုတ်သော ဝေဒနာရှိသော စတုတ္ထဈာန်ချုပ်ခြင်းကြောင့် အာမိသ ကင်းသော (တတိယဈာန်) ချမ်းသာသည် ဖြစ်၏၊ အာမိသကင်းသော (တတိယဈာန်) ချမ်းသာ ချုပ်ခြင်း ကြောင့် ဒုက္ခလည်းမဟုတ် သုခလည်းမဟုတ်သော ဝေဒနာရှိသော စတုတ္ထဈာန်သည် ဖြစ်၏။ ထိုသို့ဖြစ် ခြင်းသည် ပြုပြင်အပ်သော သဘောဖြစ်၍ ရုန့်ရင်း၏၊ သင်္ခါရတို့၏ ချုပ်ရာနိဗ္ဗာန်သည် ရှိသည်သာတည်း၊ ဤ ချုပ်ရာ နိဗ္ဗာန်သည် ရှိ၏ဟု ဤသို့ သိ၍ ထိုသခ ငါ်္ရ၏ ထွက်မြောက်ရာ နိဗ္ဗာန်ကို ရှုလေ့ရှိသော မြတ်စွာဘုရားသည် ထိုသခ ငါ်္ရကို လွန်မြောက်၏။
၃၃။ ရဟန်းတို့ ဤလောက၌ အချို့သော သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ရှေ့အဖို့ကို စွဲယူခြင်းတို့ကို စွန့်ခြင်းကြောင့်လည်းကောင်း၊ နောက်အဖို့ကို စွဲယူခြင်းတို့ကို စွန့်ခြင်းကြောင့်လည်းကောင်း၊ အချင်းခပ်သိမ်း ကာမရာဂသံယောဇဉ်တို့ကို မဆောက်တည်ခြင်းကြောင့်လည်းကောင်း၊ နီဝရဏကင်းဆိတ်ခြင်းကြောင့် ဖြစ်သော ပီတိရှိသော ပဌမဈာန် ဒုတိယဈာန်ကို လွန်ခြင်းကြောင့်လည်းကောင်း၊ အာမိသကင်းသော တတိယဈာန်ချမ်းသာကို လွန်ခြင်းကြောင့်လည်းကောင်း၊ ဒုက္ခလည်း မဟုတ် သုခလည်းမဟုတ်သော ဝေဒနာရှိသော စတုတ္ထဈာန်ကို လွန်ခြင်းကြောင့်လည်းကောင်း “ငါသည် ငြိမ်သက်၏၊ ငါသည် ငြိမ်းအေး၏၊ ငါသည် စွဲလမ်းခြင်းကင်း၏”ဟု အဖန်ဖန်ရှု၏။ ရဟန်းတို့ ထိုအကြောင်းကို မြတ်စွာဘုရားသည် သိ၏။
ဤအသျှင်သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ရှေ့အဖို့ကို စွဲယူခြင်းတို့ကို စွန့်ခြင်းကြောင့်လည်းကောင်း၊ နောက်အဖို့ကို စွဲယူခြင်းတို့ကို စွန့်ခြင်းကြောင့်လည်းကောင်း၊ အချင်း ခပ်သိမ်း ကာမရာဂသံယောဇဉ်တို့ကို မဆောက်တည်ခြင်းကြောင့်လည်းကောင်း၊ နီဝရဏကင်းဆိတ်ခြင်း ကြောင့်ဖြစ်သော ပီတိရှိသော ပဌမဈာန် ဒုတိယဈာန်ကို လွန်ခြင်းကြောင့်လည်းကောင်း၊ အာမိသကင်းသော တတိယဈာန်ချမ်းသာကို လွန်ခြင်းကြောင့်လည်းကောင်း၊ ဒုက္ခလည်းမဟုတ် သုခလည်းမဟုတ်သော ဝေဒနာ ရှိသော စတုတ္ထဈာန်ကို လွန်ခြင်းကြောင့်လည်းကောင်း “ငါသည် ငြိမ်သက်၏၊ ငါသည် ငြိမ်းအေး၏၊ ငါသည် စွဲလမ်းခြင်းကင်း၏”ဟု အဖန်ဖန် ရှု၏။
ဤအသျှင်သည် နိဗ္ဗာန်အားလျော်သော အကျင့်ကိုသာလျှင် စင်စစ် ပြောဆို၏။ သို့ရာတွင် ဤ အသျှင်သမဏသည်လည်းကောင်း၊ ဗြာဟ္မဏသည်လည်းကောင်း ရှေ့အဖို့ကို စွဲယူခြင်းကို စွဲလမ်းသော်လည်း စွဲလမ်း၏၊ နောက်အဖို့ကို စွဲယူခြင်းကို စွဲလမ်းသော်လည်း စွဲလမ်း၏၊ ကာမရာဂသံယောဇဉ်ကို စွဲလမ်းသော်လည်း စွဲလမ်း၏၊ နီဝရဏကင်းဆိတ်ခြင်းကြောင့်ဖြစ်သော ပီတိရှိသော ပဌမဈာန် ဒုတိယဈာန် ကို စွဲလမ်းသော်လည်း စွဲလမ်း၏၊ အာမိသကင်းသော တတိယဈာန်ချမ်းသာကို စွဲလမ်းသော်လည်း စွဲလမ်း၏၊ ဒုက္ခလည်းမဟုတ် သုခလည်းမဟုတ်သော ဝေဒနာရှိသော စတုတ္ထဈာန်ကို စွဲလမ်းသော်လည်း စွဲလမ်း၏။ မှန်၏၊ ဤအသျှင်သည် “ငါသည် ငြိမ်သက်၏၊ ငါသည် ငြိမ်းအေး၏၊ ငါသည် စွဲလမ်းခြင်း ကင်း၏”ဟု အဖန်ဖန် ရှု၏။ ထိုရှုမှုကို ဤအသျှင်သမဏဗြာဟ္မဏ၏ စွဲလမ်းမှု ‘ဥပါဒါန်’ဟု ဆိုရ၏။ ထိုစွဲလမ်းမှု ‘ဥပါဒါန်’ သည် ပြုပြင်အပ်သော သဘောဖြစ်၍ ရုန့်ရင်း၏၊ ပြုပြင်မှု ‘သင်္ခါရ’တို့၏ ချုပ်ရာ နိဗ္ဗာန်သည် ရှိသည်သာတည်း။ ဤချုပ်ရာ နိဗ္ဗာန်သည် ရှိ၏ဟု ဤသို့ သိ၍ ထိုသင်္ခါရ၏ ထွက်မြောက်ရာ နိဗ္ဗာန်ကို ရှုလေ့ရှိသော ထိုမြတ်စွာဘုရားသည် ထိုသင်္ခါရကို လွန်မြောက်၏။
ရဟန်းတို့ ခြောက်ပါးသော ဖဿာယတနတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်းဟုတ်တိုင်းမှန်စွာသိ၍ မစွဲလမ်းဘဲ လွန်မြောက်ရာ, အတုမရှိမြတ်သော ကိလေသာတို့မှ ငြိမ်းအေးသော ဤနိဗ္ဗာန်ကို မြတ်စွာဘုရားသည် ထိုးထွင်း၍ သိအပ်ပြီဟု (မိန့်တော်မူ၏)။ မြတ်စွာဘုရားသည် ဤတရား ဒေသနာတော်ကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရား၏ စကားတော်ကို ဝမ်းမြောက် ဝမ်းသာ လွန်စွာနှစ်သက်ကြကုန်ပြီ။
နှစ်ခုမြောက် ပဉ္စတ္တယသုတ် ပြီး၏။
၁။ ပဉ္စာယတန—သုတ်ဟုလည်း ရှိသည်။
၂။ အချို့မူ၌ ပါရှိ၏။