သံယုတ္တနိကာယ်—၁၂
၇—မဟာဝဂ်
၄—အတ္ထိရာဂသုတ်
၆၄။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏၊ ရဟန်းတို့ ဖြစ်ပြီးသတ္တဝါတို့ တည်ခြင်းငှါလည်းကောင်း၊ ဖြစ်ဆဲသတ္တဝါတို့အား ချီးမြှောက် (ထောက်ပံ့)ခြင်းငှါလည်းကောင်း ဖြစ်ကုန်သော ဆောင်တတ် သော သဘော ‘အာဟာရ’တို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— ကြမ်းတမ်း သည်လည်းဖြစ်စေ, နူးညံ့သည်လည်းဖြစ်စေ အလုပ်အလွေးကို ပြု၍ မျိုအပ်သော ‘ကဗဠီကာရအာဟာရ’၊ နှစ်ခုမြောက်သော ဖဿာဟာရ၊ သုံးခုမြောက်သော မနောသေဉ္စတနာဟာရ၊ လေးခုမြောက်သော ဝိညာဏာ ဟာရတို့တည်း။ ရဟန်းတို့ ဖြစ်ပြီး သတ္တဝါတို့ တည်ခြင်းငှါလည်းကောင်း၊ ဖြစ်ဆဲ သတ္တဝါတို့အား ချီးမြှောက်ထောက်ပံ့ခြင်းငှါလည်းကောင်း ဖြစ်ကုန်သော ဆောင်တတ်သော သဘော ‘အာဟာရ’တို့သည် ဤလေးမျိုးတို့တည်း။
ရဟန်းတို့ ကဗဠီကာရအာဟာရ၌ တပ်စွန်းမှု ‘ရာဂ’၊ နှစ်သက်မှု ‘နန္ဒီ’၊ တပ်မက်မှု ‘တဏှာ’ ရှိခဲ့မူ ထိုတေဘူမိကဝဋ်၌ ဝိညာဏ်သည် တည်၏၊ စည်ပင်၏။ အကြင်တေဘူမိကဝဋ်၌ ဝိညာဏ်သည် တည်၏၊ စည်ပင်၏၊ ထိုတေဘူမိကဝဋ်၌ နာမ်ရုပ် သက်ဝင်၏။ အကြင်တေဘူမိကဝဋ်၌ နာမ်ရုပ် သက်ဝင်၏၊ ထို တေဘူမိကဝဋ်၌ သင်္ခါရတို့ ကြီးပွားကုန်၏။ အကြင်တေဘူမိကဝဋ်၌ သင်္ခါရတို့ ကြီးပွားကုန်၏၊ ထို တေဘူမိကဝဋ်၌ နောင်တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်းရှိ၏။ အကြင်တေဘူမိကဝဋ်၌ နောင်တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်း ရှိ၏၊ ထိုတေဘူမိကဝဋ်၌ နောင်အခါ ပဋိသန္ဓေနေမှု အိုမှု သေမှု ရှိ၏။ အကြင်တေဘူမိကဝဋ်၌ နောင်အခါ ပဋိသန္ဓေနေမှု အိုမှု သေမှု ရှိ၏၊ ရဟန်းတို့ ထိုတေဘူမိကဝဋ်ကို “စိုးရိမ်ခြင်းနှင့် တကွ ဖြစ်၏၊ ပူပန်ခြင်းနှင့် တကွ ဖြစ်၏၊ ပြင်းစွာ ပင်ပန်းခြင်းနှင့် တကွ ဖြစ်၏”ဟူ၍ ငါဘုရား ဟောတော်မူ၏။
ရဟန်းတို့ ဖဿာဟာရ၌။ပ။ ရဟန်းတို့ မနောသေဉ္စတနာဟာရ၌။ပ။ ရဟန်းတို့ ဝိညာဏာဟာရ၌ တပ်စွန်းမှု ‘ရာဂ’၊ နှစ်သက်မှု ‘နန္ဒီ’၊ တပ်မက်မှု ‘တဏှာ’ ရှိခဲ့မူ ထိုတေဘူမိကဝဋ်၌ ဝိညာဏ်သည် တည်၏၊ စည်ပင်၏။ အကြင်တေဘူမိကဝဋ်၌ ဝိညာဏ်သည် တည်၏၊ စည်ပင်၏၊ ထိုတေဘူမိကဝဋ်၌ နာမ်ရုပ် သက်ဝင်၏။ အကြင်တေဘူမိကဝဋ်၌ နာမ်ရုပ် သက်ဝင်၏၊ ထိုတေဘူမိကဝဋ်၌ သင်္ခါရတို့ ကြီးပွားကုန်၏။ အကြင်တေဘူမိကဝဋ်၌ သင်္ခါရတို့ ကြီးပွားကုန်၏၊ ထိုတေဘူမိကဝဋ်၌ နောင်တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်း ရှိ၏။ အကြင်တေဘူမိကဝဋ်၌ နောင်တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်း ရှိ၏၊ ထိုတေဘူမိကဝဋ်၌ နောင်အခါ ပဋိသန္ဓေနေမှု အိုမှု သေမှု ရှိ၏။ အကြင်တေဘူမိကဝဋ်၌ နောင်အခါ ပဋိသန္ဓေနေမှု အိုမှု သေမှု ရှိ၏၊ ရဟန်းတို့ ထိုတေဘူမိကဝဋ်ကို “စိုးရိမ်ခြင်းနှင့် တကွ ဖြစ်၏၊ ပူပန်ခြင်းနှင့် တကွ ဖြစ်၏၊ ပြင်းစွာ ပင်ပန်းခြင်းနှင့် တကွ ဖြစ်၏”ဟူ၍ ငါဘုရား ဟောတော်မူ၏။
ရဟန်းတို့ ဥပမာသော်ကား ပန်းဆိုးသမားသည်လည်းကောင်း၊ ပန်းချီဆေးရေးသမားသည်လည်းကောင်း ဆိုးရည် ချိပ်ရည် နနွင်း မဲနယ် ပန်းရောင်ဆေး ရှိခဲ့သော် ကောင်းစွာ ပြေပြစ်သော ပျဉ်၌ဖြစ်စေ၊ နံရံ၌ဖြစ်စေ၊ အဝတ်ကား၌ဖြစ်စေ အလုံးစုံသော အင်္ဂါကြီးငယ်တို့နှင့် ပြည့်စုံသော မိန်းမရုပ်ကိုလည်းကောင်း၊ ယောကျာ်းရုပ်ကိုလည်းကောင်း ဖန်တီး ရေးခြယ်ရာ၏။ ရဟန်းတို့ ဤဥပမာအတူသာလျှင် ကဗဠီကာရအာဟာရ၌ တပ်စွန်းမှု ‘ရာဂ’၊ နှစ်သက်မှု ‘နန္ဒီ’၊ တပ်မက်မှု ‘တဏှာ’ ရှိခဲ့မူ ထိုတေဘူမိကဝဋ်၌ ဝိညာဏ်သည် တည်၏၊ စည်ပင်၏။ အကြင်တေဘူမိကဝဋ်၌ ဝိညာဏ်သည် တည်၏၊ စည်ပင်၏၊ ထို တေဘူမိကဝဋ်၌ နာမ်ရုပ် သက်ဝင်၏။ အကြင်တေဘူမိကဝဋ်၌ နာမ်ရုပ် သက်ဝင်၏၊ ထိုတေဘူမိကဝဋ်၌ သင်္ခါရတို့ ကြီးပွားကုန်၏။ အကြင်တေဘူမိကဝဋ်၌ သင်္ခါရတို့ ကြီးပွားကုန်၏၊ ထိုတေဘူမိကဝဋ်၌ နောင် တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်း ရှိ၏။ အကြင်တေဘူမိကဝဋ်၌ နောင်တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်း ရှိ၏၊ ထို တေဘူမိကဝဋ်၌ နောင်အခါ ပဋိသန္ဓေနေမှု အိုမှု သေမှု ရှိ၏။ အကြင်တေဘူမိကဝဋ်၌ နောင်အခါ ပဋိသန္ဓေ နေမှု အိုမှု သေမှု ရှိ၏၊ ရဟန်းတို့ ထိုတေဘူမိကဝဋ်ကို “စိုးရိမ်ခြင်းနှင့် တကွ ဖြစ်၏၊ ပူပန်ခြင်းနှင့် တကွ ဖြစ်၏၊ ပြင်းစွာ ပင်ပန်းခြင်းနှင့် တကွ ဖြစ်၏”ဟူ၍ ငါဘုရား ဟောတော်မူ၏။
ရဟန်းတို့ ဖဿာဟာရ၌။ပ။ ရဟန်းတို့ မနောသေဉ္စတနာဟာရ၌။ ရဟန်းတို့ ဝိညာဏာဟာရ၌ တပ်စွန်းမှု ‘ရာဂ’၊ နှစ်သက်မှု ‘နန္ဒီ’၊ တပ်မက်မှု ‘တဏှာ’ ရှိခဲ့မူ ထိုတေဘူမိကဝဋ်၌ ဝိညာဏ်သည် တည်၏၊ စည်ပင်၏။ အကြင်တေဘူမိကဝဋ်၌ ဝိညာဏ်သည် တည်၏၊ စည်ပင်၏၊ ထိုတေဘူမိကဝဋ်၌ နာမ်ရုပ် သက်ဝင်၏။ အကြင်တေဘူမိကဝဋ်၌ နာမ်ရုပ် သက်ဝင်၏၊ ထိုတေဘူမိကဝဋ်၌ သင်္ခါရတို့ ကြီးပွားကုန်၏။ အကြင်တေဘူမိကဝဋ်၌ သင်္ခါရတို့ ကြီးပွားကုန်၏၊ ထိုတေဘူမိကဝဋ်၌ နောင်တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်း ရှိ၏။ အကြင်တေဘူမိကဝဋ်၌ နောင်တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်း ရှိ၏၊ ထိုတေဘူမိကဝဋ်၌ နောင်အခါ ပဋိသန္ဓေနေမှု အိုမှု သေမှု ရှိ၏။ အကြင်တေဘူမိကဝဋ်၌ နောင်အခါ ပဋိသန္ဓေနေမှု အိုမှု သေမှု ရှိ၏၊ ရဟန်းတို့ ထိုတေဘူမိကဝဋ်ကိ်ု “စိုးရိမ်ခြင်းနှင့် တကွ ဖြစ်၏၊ ပူပန်ခြင်းနှင့် တကွ ဖြစ်၏၊ ပြင်းစွာ ပင်ပန်းခြင်းနှင့် တကွ ဖြစ်၏”ဟူ၍ ငါဘုရား ဟောတော်မူ၏။
ရဟန်းတို့ ကဗဠီကာရအာဟာရ၌ တပ်စွန်းမှု ‘ရာဂ’၊ နှစ်သက်မှု ‘နန္ဒီ’၊ တပ်မက်မှု ‘တဏှာ’ မရှိခဲ့မူ ထို တေဘူမိကဝဋ်၌ ဝိညာဏ်သည် မတည်၊ မစည်ပင်။ အကြင်တေဘူမိကဝဋ်၌ ဝိညာဏ်သည် မတည်၊ မစည် ပင်၊ ထိုတေဘူမိကဝဋ်၌ နာမ်ရုပ် မသက်ဝင်။ အကြင်တေဘူမိကဝဋ်၌ နာမ်ရုပ် မသက်ဝင်၊ ထိုတေဘူမိက ဝဋ်၌ သင်္ခါရတို့ ကြီးပွားခြင်း မရှိ။ အကြင်တေဘူမိကဝဋ်၌ သင်္ခါရတို့ ကြီးပွားခြင်း မရှိ၊ ထိုတေဘူမိက ဝဋ်၌ နောင်တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်း မရှိ။ အကြင်တေဘူမိကဝဋ်၌ နောင်တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်း မရှိ၊ ထိုတေဘူမိကဝဋ်၌ နောင်အခါ ပဋိသန္ဓေနေမှု အိုမှု သေမှု မရှိ။ အကြင်တေဘူမိကဝဋ်၌ နောင်အခါ ပဋိသန္ဓေနေမှု အိုမှု သေမှု မရှိ၊ ရဟန်းတို့ ထိုတေဘူမိကဝဋ်ကို “စိုးရိမ်ခြင်း မရှိ၊ ပူပန်ခြင်း မရှိ၊ ပြင်းစွာ ပင်ပန်းခြင်း မရှိ”ဟူ၍ ငါဘုရား ဟောတော်မူ၏။
ရဟန်းတို့ ဖဿာဟာရ၌။ပ။ ရဟန်းတို့ မနောသေဉ္စတနာဟာရ၌။ ရဟန်းတို့ ဝိညာဏာဟာရ၌ တပ်စွန်းမှု ‘ရာဂ’၊ နှစ်သက်မှု ‘နန္ဒီ’၊ တပ်မက်မှု ‘တဏှာ’ မရှိခဲ့မူ ထိုတေဘူမိကဝဋ်၌ ဝိညာဏ်သည် မတည်၊ မစည်ပင်။ အကြင်တေဘူမိကဝဋ်၌ ဝိညာဏ်သည် မတည်၊ မစည်ပင်၊ ထိုတေဘူမိကဝဋ်၌ နာမ်ရုပ် မသက်ဝင်။ အကြင်တေဘူမိကဝဋ်၌ နာမ်ရုပ် မသက်ဝင်၊ ထိုတေဘူမိကဝဋ်၌ သင်္ခါရတို့ ကြီးပွားခြင်း မရှိ။ အကြင်တေဘူမိကဝဋ်၌ သင်္ခါရတို့ ကြီးပွားခြင်း မရှိ၊ ထိုတေဘူမိကဝဋ်၌ နောင်တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်း မရှိ။ အကြင်တေဘူမိကဝဋ်၌ နောင်တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်း မရှိ၊ ထိုတေဘူမိကဝဋ်၌ နောင်အခါ ပဋိသန္ဓေနေမှု အိုမှု သေမှု မရှိ။ အကြင်တေဘူမိကဝဋ်၌ နောင်အခါ ပဋိသန္ဓေနေမှု အိုမှု သေမှု မရှိ၊ ရဟန်းတို့ ထိုတေဘူမိကဝဋ်ကို “စိုးရိမ်ခြင်း မရှိ၊ ပူပန်ခြင်း မရှိ၊ ပြင်းစွာ ပင်ပန်းခြင်း မရှိ”ဟူ၍ ငါဘုရား ဟောတော်မူ၏။
ရဟန်းတို့ ဥပမာသော်ကား အထွတ်တပ်သော အိမ်၌ ဖြစ်စေ၊ အထွတ်တပ်သော ဇရပ်၌ ဖြစ်စေ မြောက်မျက်နှာမှလည်းကောင်း၊ တောင်မျက်နှာမှလည်းကောင်း၊ အရှေ့မျက်နှာမှလည်းကောင်း လေသွန် တံခါးသည် ရှိရာ၏။ နေ တက်လတ်သော် လေသွန်တံခါးပေါက်ဖြင့် နေရောင်ခြည်သည် ဝင်၍ အဘယ်၌ တည်ရာသနည်း၊ အသျှင်ဘုရား အနောက်နံရံ၌ တည်ရာပါ၏။ ရဟန်းတို့ အနောက်နံရံသည် အကယ်၍ မရှိသော် အဘယ်၌ တည်ရာသနည်း၊ အသျှင်ဘုရား မြေ၌ တည်ရာပါ၏။ ရဟန်းတို့ မြေသည် အကယ်၍ မရှိသော် အဘယ်၌ တည်ရာသနည်း၊ အသျှင်ဘုရား ရေ၌ တည်ရာပါ၏။ ရဟန်းတို့ ရေသည် အကယ်၍ မရှိသော် အဘယ်၌ တည်ရာသနည်း၊ အသျှင်ဘုရား တည်ရာ မရှိတော့ပါ။ ရဟန်းတို့ ဤအတူသာလျှင် ကဗဠီကာရအာဟာရ၌ တပ်စွန်းမှု ‘ရာဂ’၊ နှစ်သက်မှု ‘နန္ဒီ’၊ တပ်မက်မှု ‘တဏှာ’ မရှိခဲ့မူ။ပ။
ရဟန်းတို့ ဖဿာဟာရ၌။ပ။ ရဟန်းတို့ မနောသေဉ္စတနာဟာရ၌။ ရဟန်းတို့ ဝိညာဏာဟာရ၌ တပ်စွန်းမှု ‘ရာဂ’၊ နှစ်သက်မှု ‘နန္ဒီ’၊ တပ်မက်မှု ‘တဏှာ’ မရှိခဲ့မူ ထိုတေဘူမိကဝဋ်၌ ဝိညာဏ်သည် မတည်၊ မစည်ပင်။ အကြင်တေဘူမိကဝဋ်၌ ဝိညာဏ်သည် မတည်၊ မစည်ပင်၊ ထိုတေဘူမိကဝဋ်၌ နာမ်ရုပ် မသက် ဝင်။ အကြင်တေဘူမိကဝဋ်၌ နာမ်ရုပ် မသက်ဝင်၊ ထိုတေဘူမိကဝဋ်၌ သင်္ခါရတို့ ကြီးပွားခြင်း မရှိ။ အကြင် တေဘူမိကဝဋ်၌ သင်္ခါရတို့ ကြီးပွားခြင်း မရှိ၊ ထိုတေဘူမိကဝဋ်၌ နောင်တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်း မရှိ။ အကြင်တေဘူမိကဝဋ်၌ နောင်တစ်ဖန် ဘဝသစ်၌ ဖြစ်ခြင်း မရှိ၊ ထိုတေဘူမိကဝဋ်၌ နောင်အခါ ပဋိသန္ဓေ နေမှု အိုမှု သေမှု မရှိ။ အကြင်တေဘူမိကဝဋ်၌ နောင်အခါ ပဋိသန္ဓေနေမှု အိုမှု သေမှု မရှိ၊ ရဟန်းတို့ ထိုတေဘူမိကဝဋ်ကို “စိုးရိမ်ခြင်း မရှိ၊ ပူပန်ခြင်း မရှိ၊ ပြင်းစွာ ပင်ပန်းခြင်း မရှိ”ဟူ၍ ငါဘုရား ဟော တော်မူ၏ဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။