သံယုတ္တနိကာယ်—၃၅

(၁ဝ) ၅—သဠဝဂ်

၉—ဒုတိယ န တုမှာကသုတ်

၁ဝ၂။ ရဟန်းတို့ သင်တို့၏ ဥစ္စာ မဟုတ်သော တရားကို ပယ်ကြကုန်လော့၊ ထိုသင်တို့၏ ဥစ္စာမဟုတ်သော တရားကို ပယ်သည်ရှိသော် သင်တို့အား စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။

ရဟန်းတို့ အဘယ်တရားသည် သင်တို့၏ ဥစ္စာ မဟုတ်သနည်း၊ ရဟန်းတို့ မျက်စိသည် သင် တို့၏ဥစ္စာ မဟုတ်၊ ထိုမျက်စိကို ပယ်ကြကုန်လော့၊ ထိုမျက်စိကို ပယ်သည်ရှိသော် သင်တို့အား စီးပွါး ခြင်းငှါချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ အဆင်းတို့သည် သင်တို့၏ ဥစ္စာ မဟုတ်ကုန်၊ ထိုအဆင်းတို့ကို ပယ်ကြကုန်လော့၊ ထိုအဆင်းတို့ကို ပယ်သည်ရှိသော် သင်တို့အား စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်လတ္တံ့။ စက္ခုဝိညာဏ်သည် သင်တို့၏ ဥစ္စာ မဟုတ်၊ ထိုစက္ခုဝိညာဏ်ကို ပယ်ကြကုန်လော့၊ ထိုစက္ခုဝိညာဏ်ကို ပယ်သည်ရှိသော် သင်တို့အား စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ပ။ စက္ခုသမ္ဖဿသည်သင်တို့၏ ဥစ္စာ မဟုတ်၊ ထိုစက္ခုသမ္ဖဿကို ပယ်ကြကုန်လော့၊ ထိုစက္ခုသမ္ဖဿကို ပယ်သည်ရှိသော် သင့်တို့အား စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။ပ။ မနောသမ္ဖဿဟူသော အကြောင်းကြောင့် ဖြစ်ပေါ်လာသည့် ခံစားမှု သုခ ဒုက္ခ ဥပေက္ခာဝေဒနာသည် သင်တို့၏ ဥစ္စာ မဟုတ်၊ ထိုဝေဒနာကို ပယ်ကြကုန်လော့၊ ထိုဝေဒနာကို ပယ်သည်ရှိသော် သင်တို့အား စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့။

ရဟန်းတို့ သင်တို့၏ ဥစ္စာ မဟုတ်သော တရားကို ပယ်ကြကုန်လော့၊ ထိုသင်တို့၏ ဥစ္စာ မဟုတ်သော တရားကို ပယ်သည်ရှိသော် သင်တို့အား စီးပွါးခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်လတ္တံ့ဟု (မိန့်တော်မူ၏)။

နဝမသုတ်။