ဥဒါန်းပါဠိတော်

၁ဝ-စူဠပန္ထကသုတ်

၅ဝ။ အကျွန်ုပ်သည်ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည့်အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင်စူဠပန္ထကသည် မြတ်စွာဘုရား၏ မနီးမဝေး၌ သတိကို ရှေးရှုထင်စေပြီးလျှင်ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေ၏။

မြတ်စွာဘုရားသည် မနီးမဝေး၌ သတိကို ရှေးရှုထင်စေပြီးလျှင်ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ထက်ဝယ်ဖွဲ့ခွေ ထိုင်နေသော အသျှင်စူဠပန္ထကကို မြင်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌- ''ကောင်းစွာ ထားအပ်သော ကိုယ်ကောင်းစွာ ထားအပ်သော စိတ်ရှိသည်ဖြစ်၍ရပ်သော်လည်းကောင်း၊ ထိုင်သော်လည်းကောင်း၊ ထိုမှတစ်ပါး လျောင်းသော်လည်းကောင်း ဤသို့ သတိကို ကောင်းစွာထားသော ရဟန်းသည် ရှေ့နောက်ဖြစ်သော အကျိုးထူးကို ရရာ၏။ ရှေ့နောက်ဖြစ်သော အကျိုးထူးကို ရသောကြောင့် သေမင်းမမြင်ရာ နိဗ္ဗာန်သို့ ရောက်နိုင်ရာ၏''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။

ဒသမသုတ်။

ငါးခုမြောက်သောဏဝဂ်ပြီး၏။