အင်္ဂုတ္တရနိကာယ်
(၁၅) ၅-အရိယဝဂ်
၁-အရိယမဂ္ဂသုတ်
၁၄၅။ ရဟန်းတို့ သင်တို့အား မြတ်သောလမ်းဟူသော တရားကိုလည်းကောင်း၊ မမြတ်သော လမ်းဟူသော တရားကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ပ။ ရဟန်းတို့ မမြတ်သော လမ်းဟူသော တရားဟူသည် အဘယ်နည်း၊ မှားယွင်းသော အမြင်။ပ။ မှားယွင်းသော လွတ်မြောက်မှုတို့တည်း။ ရဟန်းတို့ ဤသည်ကို မမြတ်သောလမ်းဟူသော တရားဟု ဆိုအပ်၏။ ရဟန်းတို့ မြတ်သော လမ်းဟူသော တရားဟူသည် အဘယ်နည်း၊ မှန်ကန်သော အမြင်။ပ။ မှန်ကန်သော လွတ်မြောက်မှုတို့တည်း။ ရဟန်းတို့ ဤသည်ကို မြတ်သောလမ်းဟူသော တရားဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။