အင်္ဂုတ္တရနိကာယ်

(၁၅) ၅-အရိယဝဂ်

၈-ဗဟုလီကာတဗ္ဗသုတ်

၁၅၂။ ရဟန်းတို့ သင်တို့အား ကြိမ်ဖန်များစွာ ပြုရမည့်တရားကိုလည်းကောင်း၊ ကြိမ်ဖန်များစွာ မပြုရမည့် တရားကိုလည်းကောင်း ဟောပေအံ့။ ထိုတရားကို နာကုန်လော့။ပ။ ရဟန်းတို့ ကြိမ်ဖန် များစွာ မပြုရမည့်တရားဟူသည် အဘယ်နည်း၊ မှားယွင်းသော အမြင်။ပ။ မှားယွင်းသော လွတ် မြောက်မှုတို့တည်း။ ရဟန်းတို့ ဤသည်ကို ကြိမ်ဖန်များစွာ မပြုရမည့် တရားဟု ဆိုအပ်၏။ ရဟန်းတို့ ကြိမ်ဖန်များစွာ ပြုရမည့်တရားဟူသည် အဘယ်နည်း၊ မှန်ကန်သော အမြင်။ပ။ မှန်ကန်သော လွတ် မြောက်မှုတို့တည်း၊ ရဟန်းတို့ ဤသည်ကို ကြိမ်ဖန်များစွာ ပြုရမည့် တရားဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။