အင်္ဂုတ္တရနိကာယ်
(၂၁) ၁-ကရဇကာယဝဂ်
၄-ဥပါသိကာသုတ်
၂၁၄။ ရဟန်းတို့ တရားဆယ်မျိုးတို့နှင့်ပြည့်စုံသော ဥပါသိကာမသည် ဆောင်ယူ၍ ပစ်ချလိုက်သကဲ့သို့ ထို့အတူ ငရဲ၌ ဖြစ်ရ၏။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ— သူ့အသက်ကို သတ်လေ့ရှိ၏။ပ။ မှားယွင်းသောအမြင် ရှိ၏။ ရဟန်းတို့ ဤတရားဆယ်မျိုးတို့နှင့် ပြည့်စုံသော ဥပါသိကာမသည် ဆောင် ယူ၍ ပစ်ချလိုက်သကဲ့သို့ ထို့အတူ ငရဲ၌ ဖြစ်ရ၏။ ရဟန်းတို့ တရားဆယ်မျိုးတို့နှင့် ပြည့်စုံသော ဥပါသိကာမသည် ဆောင်ယူ၍ ချထားလိုက်သကဲ့သို့ ထို့အတူ နတ်ပြည်၌ ဖြစ်ရ၏။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ—သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏။ပ။ မှန်ကန်သော အမြင်ရှိ၏။ ရဟန်းတို့ ဤတရား ဆယ်မျိုးတို့နှင့် ပြည့်စုံသော ဥပါသိကာမသည် ဆောင်ယူ၍ချထားလိုက်သကဲ့သို့ ထို့အတူ နတ်ပြည်၌ ဖြစ်ရ၏ဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။