အင်္ဂုတ္တရနိကာယ်

၁-ဗာလဝဂ်

၈-သဗျာဗဇ္ဈသုတ်

၈။ ရဟန်းတို့ တရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူကို သူမိုက်ဟု သိအပ်၏။ အဘယ်သုံးမျိုး တို့နည်းဟူမူ— ဆင်းရဲခြင်းရှိသော ကာယကံ၊ ဆင်းရဲခြင်းရှိသော ဝစီကံ၊ ဆင်းရဲခြင်းရှိသော မနောကံတို့တည်း။ပ။ ဆင်းရဲခြင်းမရှိသော ကာယကံ၊ ဆင်းရဲခြင်းမရှိသော ဝစီကံ၊ ဆင်းရဲခြင်းမရှိသော မနောကံတို့တည်း။ ရဟန်းတို့ ဤတရားသုံးမျိုးတို့နှင့် ပြည့်စုံသော သူကို ပညာရှိဟု သိအပ်၏။ ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်၌ “လူမိုက်ဟု သိကြောင်းတရားသုံးမျိုးတို့ကို ရှောင်ကြဉ်၍၊ ပညာရှိဟု့သိကြောင်းတရားသုံးမျိုးတို့ကို ဆောက်တည်၍ ကျင့်ကုန်အံ့”ဟု ကျင့်ရမည်။ ရဟန်းတို့ ဤသို့သာလျှင် သင်တို့ ကျင့်ရမည်ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။