အင်္ဂုတ္တရနိကာယ်

(၁၆) ၁-ဣန္ဒြိယဝဂ်

၁-ဣန္ဒြိယသုတ်

၁၅၁။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— သန္ဓိန္ဒြေ ဝီရိယိန္ဒြေ သတိန္ဒြေ သမာဓိန္ဒြေတို့တည်း။ ရဟန်းတို့ ဣန္ဒြေတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ပဌမသုတ်။