အင်္ဂုတ္တရနိကာယ်
(၂၂) ၂-ပရိသာဝဂ်
၃-အကတညုတာသုတ်
၂၁၃။ ရဟန်းတို့ တရားလေးမျိုးတို့နှင့် ပြည့်စုံသူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ ငရဲသို့ ရောက်ရ၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— ကာယဒုစရိုက်၊ ဝစီဒုစရိုက်၊ မနောဒုစရိုက်၊ သူ့ကျေးဇူးကို မသိမူ၍ ထင်စွာ မပြုခြင်းတို့တည်း။ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ ငရဲသို့ ရောက်ရ၏။
ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ နတ်ပြည်သို့ ရောက်ရ၏။ အဘယ်လေး မျိုးတို့နည်းဟူမူ— ကာယသုစရိုက်၊ ဝစီသုစရိုက်၊ မနောသုစရိုက်၊ သူ့ကျေးဇူးကို သိ၍ ထင်စွာပြုခြင်းတို့တည်း။ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့် ပြည့်စုံသူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ နတ်ပြည်သို့ ရောက်ရ၏ဟု (မိန့်တော်မူ၏)။
တတိယသုတ်။