အင်္ဂုတ္တရနိကာယ်
(၂၅) ၅-အာပတ္တိ ဘယဝဂ်
၇-ဗဟုကာရသုတ်
၂၄၉။ ရဟန်းတို့ ဤတရားလေးမျိုးတို့သည် လူပုဂ္ဂိုလ်အား ကျေးဇူးများကုန်၏။ အဘယ် လေးမျိုးတို့နည်းဟူမူ— သူတော်ကောင်းကို မှီဝဲဆည်းကပ်ခြင်း၊ သူတော်ကောင်းတရားကို ကြားနာခြင်း၊ အသင့်အားဖြင့် နှလုံးသွင်းခြင်း၊ (လောကုတ္တရာ)တရားအားလျော်သော အကျင့်ကို ကျင့်ခြင်းတို့တည်း။ ရဟန်းတို့ ဤတရားလေးမျိုးတို့သည် လူပုဂ္ဂိုလ်အား ကျေးဇူးများကုန်၏ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။