အင်္ဂုတ္တရနိကာယ်

(၂၅) ၅-အာပတ္တိ ဘယဝဂ်

၉-ဒုတိယ ဝေါဟာရသုတ်

၂၅၁။ ရဟန်းတို့ အရိယာတို့၏ ပြောဆိုခြင်းတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— မမြင်သည်၌ မမြင်ဟု ပြောဆိုခြင်း၊ မကြားသည်၌ မကြားဟု ပြောဆိုခြင်း၊ မတွေ့သည်၌ မတွေ့ဟု ပြောဆိုခြင်း၊ မသိသည်၌ မသိဟု ပြောဆိုခြင်းတို့တည်း။ ရဟန်းတို့ အရိယာတို့၏ ပြောဆိုခြင်းတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

နဝမသုတ်။