အင်္ဂုတ္တရနိကာယ်

(၂၇) ၇-ကမ္မပထဝဂ်

၃-မိစ္ဆာစာရီသုတ်

၂၆၆။ မိမိကိုယ်တိုင်လည်း ကာမတို့၌ မှားယွင်းစွာ ကျင့်၏၊ သူတစ်ပါးကိုလည်း ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်း၌ ဆောက်တည်စေ၏။ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်း၌ နှစ်သက် သဘောတူ၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်း၌ ကျေးဇူးကို ပြောဆို၏။ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့်။ပ။

မိမိကိုယ်တိုင်လည်း ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်၏၊ သူတစ်ပါးကိုလည်း ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း၌ ဆောက်တည်စေ၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း၌ နှစ်သက် သဘောတူ၏၊ ကာမတို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း၏ ကျေးဇူးကို ပြောဆို၏။ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့်။ပ။

တတိယသုတ်။