အင်္ဂုတ္တရနိကာယ်
(၁၂) ၂-အန္ဓကဝိန္ဒဝဂ်
၅-မစ္ဆရိနီသုတ်
၁၁၅။ ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းမိန်းမသည် ဆောင်ယူ၍ ချထားအပ် သကဲ့သို့ထို့အတူ ငရဲ၌ ဖြစ်ရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
နေရာကျောင်းကန်၌ ဝန်တိုခြင်းရှိ၏၊ ဒါယကာတို့၌ ဝန်တိုခြင်းရှိ၏၊ လာဘ်သပ်ပကာ၌ ဝန်တိုခြင်း ရှိ၏၊ ကိုယ်ရေအဆင်း ဂုဏ်သတင်းတို့၌ ဝန်တိုခြင်းရှိ၏၊ ပရိယတ်တရား၌ ဝန်တိုခြင်းရှိ၏။
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းမိန်းမသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ထို့အတူ ငရဲ၌ ဖြစ်ရ၏။
ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ရဟန်းမိန်းမသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ထို့အတူ နတ်ပြည်၌ ဖြစ်ရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
နေရာကျောင်းကန်၌ ဝန်တိုခြင်း မရှိ၊ ဒါယကာတို့၌ ဝန်တိုခြင်း မရှိ၊ လာဘ်သပ်ပကာ၌ ဝန်တိုခြင်းမရှိ၊ ကိုယ်ရေအဆင်း ဂုဏ်သတင်းတို့၌ ဝန်တိုခြင်း မရှိ၊ ပရိယတ်တရား၌ ဝန်တိုခြင်း မရှိ။
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့်ပြည့်စုံသော ရဟန်းမိန်းမသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ထို့အတူ နတ်ပြည်၌ ဖြစ်ရ၏ဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။