အင်္ဂုတ္တရနိကာယ်
(၁၃) ၃-ဂိလာနဝဂ်
၉-ပရိကုပ္ပသုတ်
၁၂၉။ ရဟန်းတို့ အပါယ်ဘုံသို့ ရောက်စေတတ်ကုန်သော၊ ငရဲသို့ ရောက်စေတတ်ကုန်သော၊ ပျက်စီးခြင်း သဘောရှိကုန်သော၊ ကုစားခြင်းငှါ မတတ်ကောင်းကုန်သော တရားတို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
အမိကို သတ်၏။
အဖကို သတ်၏။
ရဟန္တာကို သတ်၏။
မြတ်စွာဘုရားအား ပြစ်မှားသော စိတ်ဖြင့် သွေးကို ဖြစ်စေ၏။
သံဃာကို သင်းခွဲ၏။
ရဟန်းတို့ အပါယ်ဘုံသို့ ရောက်စေတတ်ကုန်သော၊ ငရဲသို့ ရောက်စေတတ်ကုန်သော၊ ပျက်စီးခြင်းသဘောရှိကုန်သော၊ ကုစားခြင်းငှါ မတတ်ကောင်းကုန်သော တရားတို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
နဝမသုတ်။