အင်္ဂုတ္တရနိကာယ်
(၂၄) ၄-အာဝါသိကဝဂ်
၉-ပဌမ မစ္ဆရိယသုတ်
၂၃၉။ ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ကျောင်းထိုင်ရဟန်းသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ထို့အတူ ငရဲ၌ ဖြစ်ရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
ကျောင်း၌ ဝန်တို၏။
ဒါယကာ၌ ဝန်တို၏။
လာဘ်၌ ဝန်တို၏။
ဂုဏ် အဆင်း၌ ဝန်တို၏။၁
သဒ္ဓါတရားဖြင့် လှူသော ပစ္စည်းကို ဖျက်ဆီး၏။
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော ကျောင်းထိုင်ရဟန်းသည် ဆောင်ယူ၍ ချထားအပ့်သကဲ့သို့ ထို့အတူ ငရဲ၌ ဖြစ်ရ၏။
ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ကျောင်းထိုင်ရဟန်းသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ထို့အတူ နတ်ပြည်၌ ဖြစ်ရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
ကျောင်း၌ ဝန်တိုမှု မရှိ။
ဒါယကာ၌ ဝန်တိုမှု မရှိ။
လာဘ်၌ ဝန်တိုမှု မရှိ။
ဂုဏ်အဆင်း၌ ဝန်တိုမှု မရှိ။၂
သဒ္ဓါတရားဖြင့် လှူသော ပစ္စည်းကို မဖျက်ဆီး။
ရဟန်းတို့ ဤ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ကျောင်းထိုင်ရဟန်းသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ထို့အတူ နတ်ပြည်၌ ဖြစ်ရ၏ဟု (မိန့်တော်မူ၏)။
နဝမသုတ်။
၁။ တရား၌ ဝန်တို၏။
၂။ တရား၌ ဝန်တိုမှု မရှိ။