အင်္ဂုတ္တရနိကာယ်

၁-အာဟုနေယျဝဂ်

၄-ဗလသုတ်

၄။ ရဟန်းတို့ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အရပ်ဝေးမှ ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေ့ဖြစ်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ —

သဒ္ဓါဗိုလ်နှင့်၊ ဝီရိယဗိုလ်နှင့်၊ သတိဗိုလ်နှင့်၊ သမာဓိဗိုလ်နှင့်၊ ပညာဗိုလ်နှင့် ပြည့်စုံ၏။

အာသဝေါတရားတို့၏ကုန်ခြင်းကြောင့် အာသဝေါမရှိသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့်လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ကိုယ်တိုင် ထူးသော ဉာဏ်ဖြင့် မျက်မှောက်ပြုလျက် ရောက်၍ နေ၏။

ရဟန်းတို့ ဤတရားခြောက်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် အရပ်ဝေးမှ ဆောင်လာ၍သော်လည်းပေးလှူပူဇော်ရန် ထိုက်တန်၏။ပ။ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံး လယ်မြေ ဖြစ်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။