ဣတိဝုတ်ပါဠိတော်
၅-မက္ခသုတ်
၅။ ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်-ဘုရား ဟောတော်မူ၏။ ထိုသုတ်၌ ဤအနက်သဘောကို -
''အကြင်မက္ခတရားဖြင့် သူ့ကျေးဇူးကို ချေဖျက်သော သတ္တဝါတို့သည် မကောင်းသော လားရာ'ဂတိ'သို့ လားရောက်ကြရကုန်၏။ ထိုမက္ခကို ကောင်းစွာသိ၍ (ခန္ဓာငါးပါးတို့ကို) အနိစ္စစသော အခြင်းအရာတို့ဖြင့် ရှုသူတို့သည် (ထိုမက္ခကို) ပယ်စွန့်ကုန်၏။ (ယင်းမက္ခကို) ပယ်စွန့်သောကြောင့် ဤလောကသို့ တရံတခါမျှ မလာရောက်ကုန်''ဟု ဤဂါထာဖြင့် ဆိုအပ်၏။
ဤအနက်သဘောကိုလည်း မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်န်ုပ် ကြားနာခဲဲ့ရပါသည်။
ပဉ္စမသုတ်။