ခုဒ္ဒကပါဌပါဠိတော်
၃-သုံးဆယ့်နှစ်ကောဋ္ဌာသ
ဤကိုယ် (ရုပ်အပေါင်း)၌ ဆံပင် အမွေး ခြေသည်း လက်သည်း သွား အရေ၊ အသား အကြော အရိုး ရိုးတွင်းခြင်ဆီ အညှို့၊ နှလုံး အသည်း အမြှေး အဖျဉ်း အဆုတ်၊ အူမ အူသိမ် အစာသစ် အစာဟောင်း ဦးနှောက်၁၊ သည်းခြေ သလိပ် ပြည် သွေး ချွေး အဆီခဲ၊ မျက်ရည် ဆီကြည် တံထွေး နှပ် အစေး ကျင်ငယ်သည် ရှိ၏။
သုံးဆယ့်နှစ်ကောဋ္ဌာသ ပြီး၏။