သံယုတ္တနိကာယ်—၁
၇—အဒ္ဓဝဂ်
၈—ပိဟိတသုတ်
၆၈။ အဘယ်အရာသည် လောကကို ပိတ်ဆို့အပ်ပါသနည်း၊ လောကသည် အဘယ်အရာ၌် တည်ပါသနည်း၊ အဘယ်အရာသည် လောကကို ဆွဲချိတ်အပ်ပါသ နည်း၊ အဘယ်အရာသည် (လောကကို)။ခံရံအပ်ပါသနည်းဟု (လျှောက်၏)။
သေမင်းသည် လောကကို ပိတ်ဆို့အပ်၏၊ လောကသည် ဆင်းရဲ၌ တည်၏၊ တပ်မက်မှု ‘တဏှာ’သည် လောကကို ဆွဲချိတ်အပ်၏၊ အိုခြင်းတရားသည် (လောက ကို)။ခံရံအပ်၏ဟု (မိန့်တော်မူ၏)။