သံယုတ္တနိကာယ်—၁၄

၁—နာနတ္တဝဂ်

၄—ဝေဒနာနာနတ္တသုတ်

၈၈။ သာဝတ္ထိပြည်၌ (သီတင်းသုံး) နေတော်မူ၏။ ရဟန်းတို့ ဓာတ်အမျိုးမျိုးကို စွဲ၍ ဖဿအမျိုးမျိုး့ဖြစ်၏၊ ဖဿအမျိုးမျိုးကို စွဲ၍ ဝေဒနာအမျိုးမျိုး ဖြစ်၏။ ရဟန်းတို့ ဓာတ်အမျိုးမျိုးဟူသည် အဘယ် နည်း၊ စက္ခုဓာတ်။ပ။ မနောဓာတ်တို့တည်း။ ရဟန်းတို့ ဤသည်ကို ဓာတ်အမျိုးမျိုးဟု ဆိုအပ်၏။

ရဟန်းတို့ အဘယ်သို့လျှင် ဓာတ်အမျိုးမျိုးကို စွဲ၍ ဖဿအမျိုးမျိုး ဖြစ်သနည်း၊ ဖဿအမျိုးမျိုးကို စွဲ၍ ဝေဒနာအမျိုးမျိုး ဖြစ်သနည်း။ ရဟန်းတို့ စက္ခုဓာတ်ကို စွဲ၍ စက္ခုသမ္ဖဿ ဖြစ်၏၊ စက္ခု သမ္ဖဿကို စွဲ၍ စက္ခုသမ္ဖဿဇာဝေဒနာ ဖြစ်၏။ပ။ မနောဓာတ်ကို စွဲ၍ မနောသမ္ဖဿ ဖြစ်၏၊ မနော သမ္ဖဿကို စွဲ၍ မနောသမ္ဖဿဇာဝေဒနာ ဖြစ်၏။ ရဟန်းတို့ ဤသို့လျှင် ဓာတ်အမျိုးမျိုးကို စွဲ၍ ဖဿ အမျိုးမျိုး ဖြစ်၏၊ ဖဿအမျိုးမျိုးကို စွဲ၍ ဝေဒနာအမျိုးမျိုး ဖြစ်၏ဟု (ဟောတော်မူ၏)။

စတုတ္ထသုတ်။