သံယုတ္တနိကာယ်—၁၉

၂—ဒုတိယဝဂ်

၂—ဂူထခါဒသုတ်

၂၁၃။ ငါ့သျှင် ငါသည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် မစင်တွင်း၌ ဦးခေါင်းနှင့် တကွ နစ်မြုပ်လျက် လက်နှစ်ဖက်တို့ဖြင့် မစင်ကို စားနေသော ယောကျာ်းပြိတ္တာကို မြင်ရ၏။ပ။ ရဟန်းတို့ ထို သတ္တဝါသည် ဤရာဇဂြိုဟ်ပြည်၌ပင် ပုဏ္ဏားပျက် ဖြစ်ခဲ့ဖူးပြီ၊ ထိုပုဏ္ဏားပျက်သည် ကဿပမြတ်စွာဘုရား သာသနာတော်၌ ရဟန်းသံဃာကို ဆွမ်းဖိတ်၍ စားကျင်း၌ မစင်ပြည့်စေလျက် “အသျှင်တို့ အလိုရှိတိုင်း စားလည်း စားကုန်လော့၊ ဆောင်ယူလည်း ဆောင်ယူကုန်လော့”ဟု ဆိုဖူးပြီ။ပ။

ဒုတိယသုတ်။