သံယုတ္တနိကာယ်—၁၉

၁—ပဌမဝဂ်

၉—ဒုတိယ သူစိလောမသုတ်

၂၁ဝ။ ငါ့သျှင် ငါသည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားသော အပ်အမွေး ပေါက်သော ပြိတ္တာကို မြင်ရ၏၊ ထိုပြိတ္တာ၏ ထိုအပ်အမွေးတို့သည် ဦးခေါင်းမှ ဝင်၍ ခံတွင်းမှ ထွက်ကုန်၏၊ ခံတွင်းမှ ဝင်၍ ရင်မှ ထွက်ကုန်၏၊ ရင်မှ ဝင်၍ ဝမ်းပိုက်မှ ထွက်ကုန်၏၊ ဝမ်းပိုက်မှ ဝင်၍ ပေါင်တို့မှ ထွက်ကုန်၏၊ ပေါင်တို့သို့ ဝင်၍ ခြေသလုံးတို့မှ ထွက်ကုန်၏၊ ခြေသလုံးတို့သို့ ဝင်၍ ခြေဖဝါးတို့မှ ထွက်ကုန်၏၊ ထိုပြိတ္တာသည် နာကျင်သော အသံကို ပြု၏။ပ။ ရဟန်းတို့ ထိုသတ္တဝါသည် ဤရာဇဂြိုဟ် ပြည်၌ပင် ကုန်းတိုက်သူ ဖြစ်ခဲ့ဖူးပြီ။ပ။

နဝမသုတ်။