သံယုတ္တနိကာယ်—၂၃

၂—ဒုတိယဝဂ်

၁၁—သမုဒယဓမ္မသုတ်

၁၈ဝ။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော အသျှင်ရာဓသည် မြတ်စွာဘုရားအားအသျှင်ဘုရား “ဖြစ်ပေါ်ခြင်းသဘော ဖြစ်ပေါ်ခြင်းသဘော”ဟု ဆိုအပ်ပါ၏၊ အသျှင်ဘုရား အဘယ်သည်ဖြစ်ပေါ်ခြင်းသဘောပါနည်းဟု လျှောက်၏။ ရာဓ ရုပ်သည် ဖြစ်ပေါ်ခြင်းသဘောတည်း၊ ဝေဒနာသည်ဖြစ် ပေါ်ခြင်းသဘောတည်း၊ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် ဖြစ်ပေါ်ခြင်းသဘောတည်း၊ ဤသို့ မြင်သော။ပ။ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု သိ၏ဟု (မိန့်တော်မူ၏)။

ဧကာဒသမသုတ်။