သံယုတ္တနိကာယ်—၂၃

၄—ဥပနိသိန္နဝဂ်

၁—၁၁—မာရာဒိသုတ္တ ဧကာဒသကသုတ်

၁၉၄။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော အသျှင်ရာဓအား မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏—ရာဓ သေခြင်း၌ လိုချင်မှု ‘ဆန္ဒ’ကို စွဲမက်မှု ‘ရာဂ’ကို လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ကို သင် ပယ်ရမည်။ ရာဓ အဘယ်သည် သေခြင်းနည်း။ ရာဓ ရုပ်သည် သေခြင်းတည်း၊ ထိုသေခြင်း၌ လိုချင်မှု ‘ဆန္ဒ’ကို သင် ပယ်ရမည်။ပ။ ဝိညာဏ်သည် သေခြင်းတည်း၊ ထိုသေခြင်း၌ လိုချင်မှု ‘ဆန္ဒ’ကိုသင် ပယ်ရမည်။ပ။ ရာဓ သေခြင်း၌ လိုချင်မှု ‘ဆန္ဒ’ကို စွဲမက်မှု ‘ရာဂ’ကို လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ကိုသင် ပယ် ရမည်ဟု (မိန့်တော်မူ၏)။

၁၉၅။ ရာဓ သေခြင်းသဘောတရား၌ လိုချင်မှု’ဆန္ဒ’ကို သင် ပယ်ရမည်၊ စွဲမက်မှု’ရာဂ’ကို သင်ပယ်ရမည်၊ လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ကို သင် ပယ်ရမည်။ပ။

၁၉၆။ ရာဓ မမြဲသော တရား၌ ။ပ။

၁၉၇။ ရာဓ မမြဲခြင်းသဘောတရား၌ ။ပ။

၁၉၈။ ရာဓ ဆင်းရဲသော တရား၌ ။ပ။

၁၉၉။ ရာဓ ဆင်းရဲခြင်းသဘောတရား၌ ။ပ။

၂ဝဝ။ ရာဓကိုယ် ‘အတ္တ’ မဟုတ်သော တရား၌ ။ပ။

၂ဝ၁။ ရာဓကိုယ် ‘အတ္တ’ မဟုတ်သော သဘောတရား၌ ။ပ။

၂ဝ၂။ ရာဓ ကုန်ခြင်းသဘော၌ ။ပ။

၂ဝ၃။ ရာဓ ပျက်ခြင်းသဘောတရား၌ ။ပ။

၂ဝ၄။ ရာဓ ဖြစ်ပေါ်ခြင်းသဘောတရား၌ လိုချင်မှု’ဆန္ဒ’ကို စွဲမက်မှု’ရာဂ’ကို လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ကို သင် ပယ်ရမည်ဟု (မိန့်တော်မူ၏)။