သံယုတ္တနိကာယ်—၂၄
၁—သောတာပတ္တိဝဂ်
၁၄—အညံ ဇီဝံ အညံ သရီရံသုတ်
၂၁၉။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ အဘယ်တရားရှိလျှင် အဘယ်တရားကို အစွဲပြု၍ အဘယ်တရားကို အမှားနှလုံးသွင်း၍ “အသက်တခြားကိုယ်တခြား”ဟု ဤသို့သော အယူသည် ဖြစ်သနည်း။ အသျှင်ဘုရား တပည့်တော်တို့အား တရားတို့သည် မြတ်စွာဘုရားသာ အရင်းခံ ရှိပါကုန်၏။ပ။ ကိန်းသေမြဲသောအထက်မဂ်သုံးပါးလျှင် လားရာရှိသော သောတာပန် ဖြစ်၏ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
စုဒ္ဒသမသုတ်။