သံယုတ္တနိကာယ်—၂၇

၅—သမ္ဖဿဇာသုတ်

၃၂၆။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ မျက်စိအတွေ့ကြောင့် ဖြစ်သော ဝေဒနာ၌ လိုချင်တပ်မက်မှု’ဆန္ဒရာဂ’သည် စိတ်၏ ညစ်ညူးမှု မည်၏။ နားအတွ့ကြောင့် ဖြစ်သော ဝေဒနာ၌ ။ နှာခေါင်းအတွေ့ကြောင့် ဖြစ်သော ဝေဒနာ၌ ။ လျှာအတွေ့ကြောင့် ဖြစ်သော ဝေဒနာ၌ ။ကိုယ်အတွေ့ကြောင့် ဖြစ်သောဝေဒနာ၌ ။ စိတ်အတွေ့ကြောင့် ဖြစ်သော ဝေဒနာ၌ လိုချင်တပ်မက်မှု ‘ဆန္ဒရာဂ’သည် စိတ်၏ ညစ်ညူးမှုမည်၏။

ရဟန်းတို့ အကြင်အခါ ရဟန်းသည်။ပ။ ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုအပ်သော တရားတို့၌ ပြုရန် သင့်လျော်သည် ဖြစ်၍ ထင်၏ဟု (ဟောတော်မူ၏)။

ပဉ္စမသုတ်။