သံယုတ္တနိကာယ်—၃၃
၁၆—၂ဝ—ရူပအနနုဗောဓစသောငါးသုတ်
၆၂၂—၆၂၆။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော ဝစ္ဆဂေါတ္တပရိဗိုဇ်သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏—“အသျှင်ဂေါတမ။ပ။ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း “ဟု (လျှောက်၏)။ ဝစ္ဆ ရုပ်၌ လျော်စွာ မသိခြင်းကြောင့်။ပ။ ရုပ်ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်၌ လျော်စွာ မသိခြင်းကြောင့်။ပ။
သာဝတ္ထိနိဒါန်း။ ဝစ္ဆ ခံစားမှု ‘ဝေဒနာ’ ၌ ။ပ။
သာဝတ္ထိနိဒါန်း။ ဝစ္ဆ မှတ်သားမှု ‘သညာ’ ၌ ။ပ။
သာဝတ္ထိနိဒါန်း။ ဝစ္ဆ ပြုပြင်မှု ‘သင်္ခါရ’ တို့၌ ။ပ။
သာဝတ္ထိနိဒါန်း။ ဝစ္ဆ ဝိညာဏ်၌ လျော်စွာ မသိခြင်းကြောင့်။ပ။ ဝိညာဏ်ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့်၌ လျော်စွာ မသိခြင်းကြောင့်။ပ။
ဝီသတိမသုတ်။