သံယုတ္တနိကာယ်—၃၄
၄၁—၄၅—အာရမ္မဏမူလကဂေါစရသုတ်စသော ငါးသုတ်
၇ဝ၂—၇ဝ၆။ သာဝတ္ထိနိဒါန်း။ ဈာန်၏ ကသိုဏ်း (အာရုံ) တို့၌ သာ လိမ္မာ၏၊ ဈာန်၏ ကျက်စားရာ (အာရုံ) တို့၌ မလိမ္မာ။ ဈာန်၏ ကျက်စားရာ (အာရုံ) တို့၌ သာ လိမ္မာ၏၊ ဈာန်၏ ကသိုဏ်း (အာရုံ) တို့၌ ့မလိမ္မာ။ ဈာန်၏ ကသိုဏ်း (အာရုံ) တို့၌လည်း မလိမ္မာ၊ ဈာန်၏ ကျက်စားရာ (အာရုံ) တို့၌လည်း မလိမ္မာ။ ဈာန်၏ ကသိုဏ်း (အာရုံ) တို့၌လည်း လိမ္မာ၏၊ ဈာန်၏ ကျက်စားရာ (အာရုံ) တို့၌လည်း လိမ္မာ၏။
ရဟန်းတို့ ထိုလေးမျိုးတို့တွင်။ပ။ အလွန်ဆုံး ဖြစ်၏၊ အမွန်ဆုံး ဖြစ်၏ဟု (မိန့်တော်မူ၏)။
ဧကစတ္တာလီသမသုတ်။
[ရှေးမူလကတို့ကဲ့သို့ လေးဆယ့်ငါးသုတ်မြောက် အာရမ္မဏမူလကသပ္ပါယကာရီသုတ် တိုင်အောင် ငါးသုတ်တို့ကို ဖြည့်စွက်အပ်ကုန်၏။ ကလ္လိတမူလက ပြီး၏။]