သံယုတ္တနိကာယ်—၃၅

(၁၃) ၃—ဂဟပတိဝဂ်

၃—နာဠန္ဒသုတ်

၁၂၆။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် နာဠန္ဒရွာ ပါဝါရိကသူဌေး၏ သရက်ဥယျာဉ်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ဥပါလိသူကြွယ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ တစ်ခုသောနေရာ၌ ထိုင်နေပြီးသော် မြတ်စွာဘုရားအား— “အသျှင်ဘုရား ဤလောက၌ အချို့သော သတ္တဝါတို့မျက် မှောက်ဘဝ၌ ကိလေသာမှ မငြိမ်းအေးနိုင်သော အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း၊ အသျှင် ဘုရား ဤလောက၌ အချို့သော သတ္တဝါတို့ မျက်မှောက်ဘဝ၌ ကိလေသာမှ ငြိမ်းအေးနိုင်သောအကြောင်း အထောက်အပံ့ကား အဘယ်ပါနည်း”ဟု လျှောက်၏။ [ရှေးသုတ်ကဲ့သို့ ချဲ့အပ်၏]။

သူကြွယ် ဤလောက၌ အချို့သော သတ္တဝါတို့ မျက်မှောက်ဘဝ၌ ကိလေသာမှ ငြိမ်းအေးနိုင်သောအကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။

တတိယသုတ်။