သံယုတ္တနိကာယ်—၃၅

(၁၇) ၂—သဋ္ဌိပေယျာလဝဂ်

၃၉—အဇ္ဈတ္တပစ္စုပ္ပန္နယဒနိစ္စသုတ်

၂ဝ၆။ ရဟန်းတို့ ပစ္စုပ္ပန်ဖြစ်သော မျက်စိသည် မမြဲ၊ ထိုမမြဲသော မျက်စိသည် ဆင်းရဲ၏၊ ထိုဆင်းရဲသော မျက်စိသည် အတ္တ မဟုတ်၊ အတ္တမဟုတ်သော မျက်စိကို “ ဤမျက်စိသည် ငါ၏ ဥစ္စာမဟုတ်၊ ဤမျက်စိသည် ငါ မဟုတ်၊ ဤမျက်စိသည် ငါ၏ အတ္တ မဟုတ်”ဟု ဤသို့ ထိုမျက်စိကိုဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။ပ။

ပစ္စုပ္ပန်ဖြစ်သော လျှာသည် မမြဲ၊ မမြဲသော လျှာသည် ဆင်းရဲ၏၊ ဆင်းရဲသော လျှာသည် အတ္တမဟုတ်၊ အတ္တမဟုတ်သော လျှာကို “ ဤလျှာသည် ငါ၏ ဥစ္စာ မဟုတ်၊ ဤလျှာသည် ငါ မဟုတ်၊ ဤလျှာသည် ငါ၏ အတ္တ မဟုတ်”ဟု ဤသို့ ထိုလျှာကိုဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့်ရှုရမည်။ပ။

ပစ္စုပ္ပန်ဖြစ်သော စိတ်သည် မမြဲ၊ ထိုမမြဲသော စိတ်သည် ဆင်းရဲ၏၊ ဆင်းရဲသော စိတ်သည် အတ္တမဟုတ်၊ အတ္တမဟုတ်သော စိတ်ကို “ ဤစိတ်သည် ငါ၏ ဥစ္စာ မဟုတ်၊ ဤစိတ်သည် ငါ မဟုတ်၊ ဤစိတ်သည် ငါ၏ အတ္တ မဟုတ်”ဟု ဤသို့ ထိုစိတ်ကိုဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။ ဤသို့ မြင်သော။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီဟု သိ၏ဟု (မိန့်တော်မူ၏)။

အဇ္ဈတ္တာတီတာဒိယဒနိစ္စသုတ်၁

ရဟန်းတို့ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော မျက်စိသည် အမြဲ မရှိ၊ ထိုအမြဲမရှိသော မျက်စိသည်အတ္တ မဟုတ်၊ အတ္တမဟုတ်သော မျက်စိကို “ ဤမျက်စိသည် ငါ၏ ဥစ္စာ မဟုတ်၊ ဤမျက်စိသည် ငါမဟုတ်၊ ဤမျက်စိသည် ငါ၏ အတ္တ မဟုတ်”ဟု ဤသို့ ထိုမျက်စိကိုဟုတ်တိုင်းမှန်စွာ မှန်ကန်သောပညာဖြင့် ရှုရမည်။ပ။ လျှာသည် အမြဲ မရှိ။ပ။ အတိတ် အနာဂတ် ပစ္စုပ္ပန်ဖြစ်သော စိတ်သည် အမြဲ မရှိ၊ ထိုအမြဲမရှိသောစိတ်သည် အတ္တ မဟုတ်၊ အတ္တမဟုတ်သော စိတ်ကို “ ဤစိတ်သည် ငါ၏ ဥစ္စာ မဟုတ်၊ ဤစိတ်သည်ငါ မဟုတ်၊ ဤစိတ်သည် ငါ၏ အတ္တ မဟုတ် “ဟု ဤသို့ ထိုစိတ်ကိုဟုတ်တိုင်းမှန်စွာ မှန်ကန် သောပညာဖြင့် ရှုရမည်။ပ။ ဤသို့ မြင်သော။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ ပြီဟုသိ၏ဟု (မိန့်တော်မူ၏)။ ]

၁။ ဤနေရာ၌ အဇ္ဈတ္တာတီတာဒိယဒနိစ္စသုတ်သည် ရှိသင့်သောကြောင့် ထည့်ထားသည်၊ ပါဠိတော်၌ မပါ။