သံယုတ္တနိကာယ်—၃၆

၂—ရဟောဂတဝဂ်

၃—ဒုတိယ အာကာသသုတ်

၂၆၁။ ရဟန်းတို့ ဥပမာသော်ကား ကောင်းကင်၌ အမျိုးမျိုးသော လေတို့သည် တိုက်ခတ်နေကုန်၏၊ အရှေ့မှ လာသော လေတို့သည်လည်း တိုက်ခတ်ကုန်၏။ပ။ လွန်ကဲပြင်းထန်သော လေတို့သည်လည်းတိုက်ခတ်ကုန်၏။

ရဟန်းတို့ ဤအတူပင် ဤခန္ဓာကိုယ်၌ အမျိုးမျိုးသော ဝေဒနာတို့သည် ဖြစ်ကြကုန်၏၊ သုခဝေဒနာသည်လည်း ဖြစ်၏၊ ဒုက္ခဝေဒနာသည်လည်း ဖြစ်၏၊ ဥပေက္ခာဝေဒနာသည်လည်း ဖြစ်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။