သံယုတ္တနိကာယ်—၃၇

၃—ဗလဝဂ်

၃—အဘိဘုယျသုတ်

၃ဝ၆။ ရဟန်းတို့ မာတုဂါမ၏ အားတို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်း၊ အဆင်းအား၊ စည်းစိမ်ဥစ္စာအား၊ ဆွေမျိုးအား၊ သားသမီးအား၊ သီလအားတို့တည်း။ ရဟန်းတို့ မာတုဂါမ၏ အားတို့သည် ဤငါးမျိုးတို့တည်း။ ရဟန်းတို့ ဤအားငါးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် လင်ကိုလွှမ်းမိုး၍ အိမ်၌ နေရ၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။