သံယုတ္တနိကာယ်—၃၇

၁—ပဌမ ပေယျာလဝဂ်

၉—အတိစာရီသုတ်

၂၈၈။ အနုရုဒ္ဓါ တရားငါးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသော လားရာ ပျက်စီးကျရောက်ရာ ငရဲသို့ ရောက်ရ၏။

အဘယ်ငါးမျိုးတို့နည်း၊ ယုံကြည်မှု ‘သဒ္ဓါ’တရားလည်း မရှိ၊ အရှက်လည်း မရှိ၊ အကြောက်လည်း မရှိ၊ လင်ကို လွန်ကျူး၍ ကျင့်သူလည်း ဖြစ်၏၊ ပညာမဲ့၏။ အနုရုဒ္ဓါ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသောမာတု ဂါမသည်။ပ။ ရောက်ရ၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။