သံယုတ္တနိကာယ်—၄၅
၂—ဒုတိယ ဂင်္ဂ ါပေယျာလဝဂ်
၇—ပဌမ သမုဒ္ဒနိန္နသုတ်
၁ဝ၉။ ရဟန်းတို့ ဂင်္ဂါမြစ်သည် သမုဒ္ဒရာသို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင် အင်္ဂါရှစ်ပါးရှိ သည့်အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းသည် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်း၏။
ရဟန်းတို့ အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်း သည်အဘယ်သို့လျှင် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်းသနည်း၊ ရဟန်းတို့ ရဟန်းသည် စွဲမက်မှု ‘ရာဂ’ကိုပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော တွေဝေမှု ‘မောဟ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ကို ပွားများ၏။ပ။
စွဲမက်မှု ‘ရာဂ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသောအမျက်ထွက်မှု ‘ဒေါသ’ကို ပယ်ဖျောက်ခြင်းလျှင်အဆုံးရှိသော တွေဝေမှု ‘မောဟ’ကို ပယ်ဖျောက်ခြင်းလျှင် အဆုံးရှိသော မှန်ကန်သောတည်ကြည်မှု ‘သမ္မာသမာဓိ’ကို ပွား များ၏။ ရဟန်းတို့ ဤသို့လျှင် အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ကိုပွားများသော ကြိမ်ဖန်များစွာ ပြုလုပ် သော ရဟန်းသည် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်း၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။