သံယုတ္တနိကာယ်—၄၅

၈—သြဃဝဂ်

၉—သြရမ္ဘာဂိယသုတ်

၁၈ဝ။ ရဟန်းတို့ အောက်ပိုင်းသံယောဇဉ်တို့သည် ဤငါးပါးတို့တည်း။ ငါးပါးတို့ဟူသည် အဘယ်တို့နည်း၊ သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ၊ ကာမစ္ဆန္ဒ၊ ဗျာပါဒတို့တည်း။ ရဟန်းတို့ အောက်ပိုင်းသံယောဇဉ်တို့သည် ဤငါးပါးတို့တည်း။ ရဟန်းတို့ ဤအောက်ပိုင်းသံယောဇဉ်ငါးပါးတို့ကို ထူးသောဉာဏ်ဖြင့် သိခြင်းငှါ ပိုင်းခြား၍ သိခြင်းငှါ ကုန်စေခြင်းငှါ ပယ်ခြင်းငှါ။ပ။ ဤအင်္ဂါရှစ်ပါးရှိသောအရိယမဂ်ကို ပွါးများအပ်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။