သံယုတ္တနိကာယ်—၄၆

၁၂—ဧသနာဝဂ်

၁—၁ဝ—ဧသနာဒိသုတ်

၂၉၂—၃ဝ၁။ ရဟန်းတို့ ရှာမှီးခြင်းတရားတို့ကား ဤသုံးပါးတို့တည်း။ အဘယ်သုံးပါးတို့နည်း၊ ကာမကိုရှာမှီးခြင်း၊ ဘဝကို ရှာမှီးခြင်း၊ အကျင့်မြတ်ကို ရှာမှီးခြင်း။ ဤသို့ စသည်အားဖြင့် ချဲ့အပ်၏။

တစ်ဆယ့်နှစ်ခုမြောက် ဧသနာဝဂ် ပြီး၏။

[ဗောဇ္ဈင်္ဂသံယုတ်၏ ဝိဝေကနိဿိတပုဒ်နှင့် ယှဉ်သော ဧသနာပေယျာလကို ချဲ့အပ်၏]။