သံယုတ္တနိကာယ်—၄၆
၃— ဥဒါယိဝဂ်
၅—အပရိဟာနိယသုတ်
၂ဝ၆။ ရဟန်းတို့ သင်တို့အား မဆုတ်ယုတ်ကြောင်းတရား ခုနစ်ပါးတို့ကို ဟောကြားပေအံ့၊ ထိုတရားကို နာကြကုန်လော့။ ရဟန်းတို့ မဆုတ်ယုတ်ကြောင်းတရား ခုနစ်ပါးတို့ကား အဘယ်နည်း၊ ဤဗောဇ္ဈင်ခုနစ်ပါးတို့တည်း။ ဗောဇ္ဈင်ခုနစ်ပါးတို့ဟူသည် အဘယ်တို့နည်း၊ သတိသမ္ဗောဇ္ဈင်။ပ။ ဥပေက္ခာသမ္ဗောဇ္ဈင်တို့တည်း။ ရဟန်းတို့ မဆုတ်ယုတ်ကြောင်းတရားတို့ကား ဤခုနစ်ပါးတို့တည်းဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။