သံယုတ္တနိကာယ်—၅၂
၂ — ဒုတိယဝဂ်
၇ — သဗ္ဗတ္ထဂါမိနိသုတ်
၉၁၅။ ငါ့သျှင်တို့ ထို့ပြင်လည်း ငါသည် ဤသတိပဋ္ဌာန်လေးပါးတို့ကို ပွါးများခြင်း ကြိမ်ဖန်များစွာ့ပြုလုပ်ခြင်းကြောင့် အလုံးစုံသော ဘဝသို့ ရောက်ကြောင်းအကျင့်ကိုဟုတ်တိုင်းမှန်စွာ သိ၏ဟု (မိန့်ဆို၏)။
သတ္တမသုတ်။