သံယုတ္တနိကာယ်—၅၅
၇— မဟာပညဝဂ်
၁၃—နိဗ္ဗေဓိကပညာသုတ်
၁ဝ၇ဝ။ ထွင်းဖောက်၍ သိနိုင်သော ပညာရှိခြင်းငှါ ဖြစ်ကုန်၏၊ အဘယ်လေးပါးတို့နည်း—
သူတော်ကောင်းကို မှီဝဲခြင်း၊ သူတော်ကောင်းတရားကို ကြားနာခြင်း၊ သင့်လျော်သောအားဖြင့် နှလုံးသွင်းခြင်း၊ တရားအား လျော်သောအကျင့်ကို ကျင့်ခြင်းတို့တည်း။
ရဟန်းတို့ ဤတရားလေးပါးတို့ကို ပွားများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်ကုန်သည်ရှိသော်ထွင်းဖောက်၍ သိနိုင်သော ပညာရှိခြင်းငှါ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။
တေရသမသုတ်။
ခုနစ်ခုမြောက် မဟာပညဝဂ် ပြီး၏။
တစ်ဆယ့်တစ်ခုမြောက် သောတာပတ္တိသံယုတ် ပြီး၏။