သံယုတ္တနိကာယ်—၅၆

၇—ပဌမ အာမကဓညပေယျာလဝဂ်

၉—ဗြဟ္မညသုတ်

၁၁၃၉။ ရဟန်းတို့ ဤအတူပင် သူတော်သူမြတ် (ဗြာဟ္မဏ) တို့အပေါ်၌ ဝတ်တရားကို ကောင်းစွာပြုကျင့်ဆောင်ရွက်သော သတ္တဝါတို့သည် နည်းပါးကုန်၏၊ စင်စစ်အားဖြင့် သူတော်သူမြတ် (ဗြာဟ္မဏ) တို့အပေါ်၌ ဝတ်တရားကို ကောင်းစွာ မကျင့်မဆောင်ရွက်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။

နဝမသုတ်။