အင်္ဂုတ္တရနိကာယ်
(၁၈) ၃-သာဓုဝဂ်
၈-တပနီယသုတ်
၁၈၅။ ရဟန်းတို့ သင်တို့အား ပူပန်စေတတ်သော တရားကိုလည်းကောင်း၊ မပူပန်စေတတ်သော တရားကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ပ။ ရဟန်းတို့ ပူပန်စေတတ်သော တရားဟူသည် အဘယ်နည်း။ သူ့အသက်သတ်ခြင်း။ပ။ မှားယွင်းသော အမြင်တို့တည်း။ ရဟန်းတို့ ဤသည်ကို ပူပန်စေတတ်သော တရားဟု ဆိုအပ်၏။ ရဟန်းတို့ မပူပန်စေတတ်သော တရားဟူသည် အဘယ်နည်း။ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။ပ။ မှန်ကန်သော အမြင်တို့တည်း။ ရဟန်းတို့ ဤသည်ကို မပူပန်စေတတ်သော တရားဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။