အင်္ဂုတ္တရနိကာယ်

(၁၈) ၃-သာဓုဝဂ်

၉-အာစယဂါမိသုတ်

၁၈၆။ ရဟန်းတို့ သင်တို့အား ဝဋ်ဆင်းရဲသို့ ရောက်ကြောင်း တရားကိုလည်းကောင်း၊ နိဗ္ဗာန်သို့ရောက်ကြောင်း တရားကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ပ။ ရဟန်းတို့ ဝဋ်ဆင်းရဲသို့ ရောက်ကြောင်း တရားဟူသည် အဘယ်နည်း။ သူ့အသက်သတ်ခြင်း။ပ။ မှားယွင်းသော အမြင်တို့တည်း။ ရဟန်းတို့ ဤသည်ကို ဝဋ်ဆင်းရဲသို့ ရောက်ကြောင်း တရားဟု ဆိုအပ်၏။ ရဟန်းတို့ နိဗ္ဗာန်သို့ ရောက်ကြောင်း တရားဟူသည် အဘယ်နည်း။ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။ပ။ မှန်ကန်သော အမြင်တို့တည်း။ ရဟန်းတို့ ဤသည်ကို နိဗ္ဗာန်သို့ ရောက်ကြောင်း တရားဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။