အင်္ဂုတ္တရနိကာယ်
(၁၉) ၄-အရိယမဂ္ဂဝဂ်
၉-ဗဟုလီကာတဗ္ဗသုတ်
၁၉၆။ ရဟန်းတို့ သင်တို့အား ကြိမ်ဖန်များစွာ ပြုရမည့် တရားကိုလည်းကောင်း၊ ကြိမ်ဖန်များစွာ မပြုရမည့် တရားကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ပ။ ရဟန်းတို့ ကြိမ်ဖန် များစွာ မပြုရမည့် တရားဟူသည် အဘယ်နည်း။ သူ့အသက်သတ်ခြင်း။ပ။ မှားယွင်းသော အမြင်တို့တည်း။ ရဟန်းတို့ ဤသည်ကို ကြိမ်ဖန်များစွာ မပြုရမည့် တရားဟု ဆိုအပ်၏။ ရဟန်းတို့ ကြိမ်ဖန် များစွာ ပြုရမည့့်် တရားဟူသည် အဘယ်နည်း။ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။ပ။ မှန်ကန်သော အမြင်တို့တည်း။ ရဟန်းတို့ ဤသည်ကို ကြိမ်ဖန်များစွာ ပြုရမည့်တရားဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
နဝမသုတ်။