အင်္ဂုတ္တရနိကာယ်
(၁၉) ၄-အရိယမဂ္ဂဝဂ်
၁ဝ-အနုဿရိတဗ္ဗသုတ်
၁၉၇။ ရဟန်းတို့ သင်တို့အား အောက်မေ့ရမည့် တရားကိုလည်းကောင်း၊ မအောက်မေ့ရမည့် တရားကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ပ။ ရဟန်းတို့ မအောက်မေ့ရမည့် တရားဟူသည် အဘယ်နည်း။ သူ့အသက်သတ်ခြင်း။ပ။ မှားယွင်းသော အမြင်တို့တည်း။ ရဟန်းတို့ ဤသည် ကို မအောက်မေ့ရမည့် တရားဟု ဆိုအပ်၏။ ရဟန်းတို့ အောက်မေ့ရမည့့်် တရားဟူသည် အဘယ်နည်း။ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။ပ။ မှန်ကန်သော အမြင်တို့တည်း။ ရဟန်းတို့ ဤသည်ကို အောက်မေ့ရမည့် တရားဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
ဒသမသုတ်။