အင်္ဂုတ္တရနိကာယ်
(၁၉) ၄-အရိယမဂ္ဂဝဂ်
၁၁-သစ္ဆိကာတဗ္ဗသုတ်
၁၉၈။ ရဟန်းတို့ သင်တို့အား မျက်မှောက်ပြုရမည့် တရားကိုလည်းကောင်း၊ မျက်မှောက် မပြုရမည့် တရားကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ပ။ ရဟန်းတို့ မျက်မှောက် မပြုရမည့် တရားဟူသည် အဘယ်နည်း။ သူ့အသက်သတ်ခြင်း။ပ။ မှားယွင်းသော အမြင်တို့တည်း။ ရဟန်းတို့ ဤသည်ကို မျက်မှောက် မပြုရမည့် တရားဟု ဆိုအပ်၏။ ရဟန်းတို့ မျက်မှောက်ပြုရမည့် တရားဟူသည် အဘယ်နည်း။ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။ပ။ မှန်ကန်သော အမြင်တို့တည်း။ ရဟန်းတို့ ဤသည်ကို မျက်မှောက်ပြုရမည့် တရားဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
ဧကာဒသမသုတ်။
လေးခုမြောက် အရိယမဂ္ဂဝဂ် ပြီး၏။