အင်္ဂုတ္တရနိကာယ်
၃-သာမညဝဂ်
၂၂—၂၉။ ရဟန်းတို့ အင်္ဂါတစ်ဆယ့်တစ်မျိုးတို့နှင့် ပြည့်စုံသော နွားကျောင်းသားသည် နွား အပေါင်းကို ထိန်းကျောင်းစောင့်ရှောက်ရန် တိုးပွါးအောင် ပြုရန် မထိုက်။ အဘယ်တစ်ဆယ့်တစ်မျိုးတို့နည်းဟူမူ—ရဟန်းတို့ ဤလောက၌ နွားကျောင်းသားသည် ခရုပ်ပုံသဏ္ဌာန်ကို မသိ၊ လက္ခဏာ၌ မလိမ္မာ၊ ယင်ချေးဥကို မခွါတတ်၊ အနာကို မဖုံးလွှမ်းတတ်၊ မီးခိုး မတိုက်တတ်၊ ဆိပ်ကမ်းကို မသိ၊ (ရေ) သောက်ပြီး (မသောက်ရသေး) ကို မသိ၊ လမ်းခရီးကို မသိ၊ စားကျက်၌ မလိမ္မာ၊ အကြွင်းမဲ့ (နို့) ညှစ်လေ့ရှိ၏၊ နွားတို့၏မိဘ နွားတို့၏ရှေ့ဆောင် နွားလားတို့ကို ပိုလွန်သော ပူဇော်ခြင်းဖြင့် မပူဇော် တတ်။ ရဟန်းတို့ ဤအင်္ဂါတစ်ဆယ့်တစ်မျိုးတို့နှင့် ပြည့်စုံသော နွားကျောင်းသားသည် နွားအပေါင်းကို ထိန်းကျောင်းစောင့်ရှောက်ရန် တိုးပွါးအောင်ပြုရန် မထိုက်။
ရဟန်းတို့ ဤအတူပင် တရားတစ်ဆယ့်တစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းသည် မျက်စိ၌ မမြဲဟု ရှုလေ့ရှိသည် ဖြစ်၍ နေရန် မထိုက်။ပ။ မျက်စိ၌ ဆင်းရဲဟု ရှုလေ့ရှိသည် ဖြစ်၍ နေရန် မထိုက်၊ မျက်စိ၌ အစိုးမရ ‘အနတ္တ’ဟု ရှုလေ့ရှိသည် ဖြစ်၍ နေရန် မထိုက်၊ မျက်စိ၌ ကုန်ခြင်းကို ရှုလေ့ရှိသည် ဖြစ်၍ နေရန် မထိုက်၊ မျက်စိ၌ပျက်ခြင်းကို ရှုလေ့ရှိသည် ဖြစ်၍ နေရန်မထိုက်၊ မျက်စိ၌ ကင်းပြတ်ခြင်းကို ရှုလေ့ရှိသည် ဖြစ်၍ နေရန် မထိုက်၊ မျက်စိ၌ ချုပ်ခြင်းကို ရှုလေ့ရှိသည် ဖြစ်၍ နေရန် မထိုက်၊ မျက်စိ၌ တဖန် စွန့်လွှတ်ခြင်းကို ရှုလေ့ရှိသည် ဖြစ်၍ နေရန် မထိုက်။ (၁—၈)
၃ဝ—၆၉။ နား၌။ နှာခေါင်း၌။ လျှာ၌။ ကိုယ်၌။ စိတ်၌။ (၉—၄၈)
၇ဝ—၁၁၇။ အဆင်း ‘ရူပါရုံ’တို့၌။ အသံ ‘သဒ္ဒါရုံ’တို့၌။ အနံ့ ‘ဂန္ဓာရုံ’တို့၌။ အရသာ ‘ရသာရုံ’တို့၌။
အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’တို့၌။ သဘော ‘ဓမ္မာရုံ’တို့၌။ (၄၉—၉၆)
၁၁၈—၁၆၅။ စက္ခုဝိညာဏ်၌။ သောတဝိညာဏ်၌။ ဃာနဝိညာဏ်၌။ ဇိဝှါဝိညာဏ်၌။ ကာယ ဝိညာဏ်၌။ မနောဝိညာဏ်၌။ (၉၇—၁၄၄)
၁၆၆—၂၁၃။ မျက်စိအတွေ့၌။ နားအတွေ့၌။ နှာခေါင်းအတွေ့၌။ လျှာအတွေ့၌။ ကိုယ်အတွေ့၌။ စိတ် အတွေ့၌။ (၁၄၅—၁၉၂)
၂၁၄—၂၆၁။ မျက်စိအတွေ့ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ ၌။ နားအတွေ့ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’၌။ နှာခေါင်းအတွေ့ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’၌။ လျှာအတွေ့ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’၌။ ကိုယ်အတွေ့ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ ၌။ စိတ်အတွေ့ကြောင့်ဖြစ်သော ခံစားမှု ‘ဝေဒနာ’ ၌။ (၁၉၃—၂၄ဝ)
၂၆၂—၃ဝ၉။ အဆင်း ‘ရူပါရုံ’ အမှတ်၌။ အသံ ‘သဒ္ဒါရုံ’ အမှတ်၌။ အနံ့ ‘ဂန္ဓာရုံ’ အမှတ်၌။ အရသာ ‘ရသာရုံ’ အမှတ်၌။ အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ အမှတ်၌။ သဘော ‘ဓမ္မာရုံ’ အမှတ်၌။ (၂၄၁—၂၈၈)
၃၁ဝ—၃၅၇။ အဆင်း ‘ရူပါရုံ’စေ့ဆော်မှု ‘စေတနာ’ ၌။ အသံ ‘သဒ္ဒါရုံ’စေ့ဆော်မှု ‘စေတနာ’ ၌။ အနံ့ ‘ဂန္ဓာရုံ’စေ့ဆော်မှု ‘စေတနာ’ ၌။ အရသာ ‘ရသာရုံ’စေ့ဆော်မှု ‘စေတနာ’ ၌။ အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’စေ့ဆော်မှု ‘စေတနာ’ ၌။ သဘော ‘ဓမ္မာရုံ’စေ့ဆော်မှု ‘စေတနာ’ ၌။ (၂၈၉—၃၃၆)
၃၅၈—၄ဝ၅။ အဆင်း ‘ရူပါရုံ’ တပ်မက်မှု ‘တဏှာ’ ၌။ အသံ ‘သဒ္ဒါရုံ’ တပ်မက်မှု ‘တဏှာ’ ၌။ အနံ့ ‘ဂန္ဓာရုံ’ တပ်မက်မှု ‘တဏှာ’ ၌။ အရသာ ‘ရသာရုံ’ တပ်မက်မှု ‘တဏှာ’ ၌။ အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ တပ်မက်မှု ‘တဏှာ’ ၌။ သဘော’ဓမ္မာရုံ’ တပ်မက်မှု ‘တဏှာ’ ၌။ (၃၃၇—၃၈၄)
၄ဝ၆—၄၅၃။ အဆင်း ‘ရူပါရုံ’ ကြံစည်မှု ‘ဝိတက်’ ၌။ အသံ ‘သဒ္ဒါရုံ’ ကြံစည်မှု ‘ဝိတက်’ ၌။ အနံ့ ‘ဂန္ဓာရုံ’ ကြံစည်မှု ‘ဝိတက်’ ၌။ အရသာ ‘ရသာရုံ’ ကြံစည်မှု ‘ဝိတက်’ ၌။ အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ ကြံစည်မှု ‘ဝိတက်’ ၌။ သဘော ‘ဓမ္မာရုံ’ ကြံစည်မှု ‘ဝိတက်’ ၌။ (၃၈၅—၄၃၂)
၄၅၄—၅ဝ၁။ အဆင်း ‘ရူပါရုံ’ သုံးသပ်မှု ‘ဝိစာရ’ ၌။ အသံ ‘သဒ္ဒါရုံ’ သုံးသပ်မှု ‘ဝိစာရ’ ၌။ အနံ့’ဂန္ဓာရုံ’ သုံးသပ်မှု ‘ဝိစာရ’ ၌။ အရသာ ‘ရသာရုံ’ သုံးသပ်မှု ‘ဝိစာရ’ ၌။ အတွေ့ ‘ဖောဋ္ဌဗ္ဗာရုံ’ သုံးသပ်မှု ‘ဝိစာရ’ ၌။ သဘော ‘ဓမ္မာရုံ’ သုံးသပ်မှု ‘ဝိစာရ’ ၌ မမြဲဟု ရှုလေ့ရှိသည်ဖြစ်၍ နေရန်၊ ဆင်းရဲဟု ရှုလေ့ရှိသည်ဖြစ်၍ နေရန်၊ အစိုးမရ’အနတ္တ’ဟု ရှုလေ့ရှိသည်ဖြစ်၍ နေရန်၊ ကုန်ခြင်းကို ရှုလေ့ရှိသည်ဖြစ်၍ နေရန်၊ ပျက်ခြင်းကို ရှုလေ့ရှိသည် ဖြစ်၍ နေရန်၊ ကင်းပြတ်ခြင်းကို ရှုလေ့ရှိသည်ဖြစ်၍ နေရန်၊ ချုပ်ခြင်းကို ရှုလေ့ရှိသည်ဖြစ်၍ နေရန်၊ တဖန် စွန့်လွှတ်ခြင်းကို ရှုလေ့ရှိသည်ဖြစ်၍ နေရန်မထိုက်။ပ။ (၄၃၃—၄၈ဝ)