အင်္ဂုတ္တရနိကာယ်

၁-ကမ္မကာရဏဝဂ်

၄-အတပနီယသုတ်

၄။ ရဟန်းတို့ မပူပန်စေတတ်ကုတ်သော တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ်နှစ်မျိုးတို့နည်း ဟူမူŠ ရဟန်းတို့ ဤလောက၌ အချို့သောသူသည် ကာယသုစရိုက်ကို ပြုကျင့်၏၊ ကာယဒုစရိုက်ကို မပြုကျင့်။ ဝစီသုစရိုက်ကို ပြုကျင့်၏၊ ဝစီဒုစရိုက်ကို မပြုကျင့်။ မနောသုစရိုက်ကို ပြုကျင့်၏၊ မနောဒုစရိုက်ကို မပြုကျင့်။ ထိုသူသည် “ငါသည် ကာယသုစရိုက်ကို ပြုကျင့်မိပြီ”ဟု မပူပန်။ “ငါသည် ကာယဒုစရိုက်ကို မပြုကျင့်မိ”ဟု ပူပန်။ “ငါသည် ဝစီသုစရိုက်ကို ပြုကျင့်မိပြီ”ဟု မပူပန်။ “ငါသည် ဝစီသုစရိုက်ကို မပြုကျင့်မိ”ဟု ပူပန်။ “ငါသည် မနောသုစရိုက်ကို ပြုကျင့်မိပြီ”ဟု မပူပန်။ “ငါသည် မနောဒုစရိုက်ကို မပြုကျင့်မိ”ဟု မပူပန်။ ရဟန်းတို့ မပူပန်စေတတ်ကုတ်သော တရားတို့သည် ဤနှစ်မျိုးတို့တည်း—ဟု မိန့်တော်မူ၏။

စတုတ္ထသုတ်